ယာဉ်နောက်ပြန်ဆုတ်စဉ် လမ်းလျှောက်နေသူအား နင်းမိ၍သေဆုံး

 နေပြည်တော်၊ သြဂုတ် ၈

 ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်၊ ပလောင်းကျေးရွာ၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ပလောင်းကျေးရွာ လမ်းပေါ်တွင် ၎င်းကျေးရွာနေ ကျော်မင်းထွန်း(၂၆)နှစ် မောင်းနှင်လာသည့် ဓ/xxxx ဟီးနိုး (TE 11) အစိမ်းအ၀ါစင်း(၆)ဘီးယာဉ်သည် ဦးရဲကြည်၏ နေအိမ်ဝင်း အတွင်းသို့ နောက်ဆုတ်ဝင်စဉ် လမ်းလျှောက်သွားနေသော ဒေါ်မှတ်ကြီး(၈၂)နှစ်အား (၆)ဘီးယာဉ်ဖြင့် နင်းမိခဲ့ကြောင်းသိရှိရသည်။

 ထိုသို့နင်းမိမှုကြောင့် ဒေါ်မှတ်ကြီးတွင် ဦးခေါင်းပြား၊ ဦးနှောက်ထွက်၊ ၀ဲခြေသလုံး(၆)လက်မခန့် စုတ်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ကျော်မင်းထွန်းအား ပေါက်မြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


ယာဉ်နောက်ပြန်ဆုတ်စဉ် လမ်းလျှောက်နေသူအား နင်းမိ၍သေဆုံး  ယာဉ်နောက်ပြန်ဆုတ်စဉ် လမ်းလျှောက်နေသူအား နင်းမိ၍သေဆုံး Reviewed by သစ်ထူးလွင် on 19:56 Rating: 5
Powered by Blogger.