ကသာ ဩဂုတ် ၂၃
ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးကျေးရွာမှ ရွာရှည်ရွာသို့ ပြန်လာသော ဒေါ်ခင်ညွှန့်နှင့် အပေါင်းအပါ(၃)ဦးတို့ကို အမည်မသိသူတစ်ဦးမှ နောက်ကလိုက်လာပြီး ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒေါ်ခင်ညွှန့်၊ မထွေးကျော်၊ မဥမ္မာကျော်နှင့် မအေးမြင့်တို့(၄)ဦး သည် မော်လူးဘူတာ ရထားပေါ်မှ ဆင်းပြီး မော်လူးရွာမှ ရွာရှည်ရွာသို့ အပြန် သက်ရင်းသာရွာအနီး အရောက်တွင် အမည်မသိသူတစ်ဦးက နောက်မှ လိုက်လာပြီး မထွေးကြည်အား ဒုတ်ဖြင့်ရိုက်ရာ မထွေးကြည်မှာ လဲကျသွားကြောင်း၊ အမည်မသိသူမှ မအေးမြင့်နှင့် မဥမ္မာကျော်တို့အား ဆက်လက်ရိုက်နှက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းကို လမ်းဘေး လယ်ကွင်းထဲဆင်းပြေးပုန်း၍ သက်ရင်းသာရွာဘက်သို့ ထွက်ပြေးသူ ဒေါ်ခင်ကြည်က ပြောပြခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မထွေးကြည်မှာ ဦးခေါင်းဝဲဘက် ထိပ်ပေါက်ဒဏ်ရာနှင့် မအေးမြင့်မှာ ဦးခေါင်းငယ် ထိပ်ပေါက်ပြဲဒဏ်ရာတို့ဖြင့် စိုးရိမ်ဖွယ်မရှိသော် လည်း မဥမ္မာကျော်မှာ ဦးခေါင်းယာဘက် ဂျိုစောင်း ပေါက်ပြဲ ဒဏ်ရာဖြင့် စိုးရိမ်ရအခြေအနေဖြင့် ဆေးကုသမှုခံယူလျှက်ရှိပြီး အမည်မသိတရားခံကို ဖမ်းဆီးမိရေး ရှာဖွေဖမ်းဆီးလျှက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ရွာရှည်ရွာသို့ အပြန် အရိုက်ခံရ
Reviewed by သစ်ထူးလွင်
on
17:12
Rating: