ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်၍ (၁၂)ဦး ဒဏ်ရာရ
နေပြည်တော်၊ သြဂုတ် ၈
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတီ်္ထလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၀၅/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ နေပြည်တော်ဘက်မှမန္တလေးဘက်သို့ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စခန်းကြီးရွာနေ ဖြိုးဝေအောင်(၁၈)နှစ်မောင်းနှင်လာသော 9G/xxxxကန်တာ အဖြူရောင်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေး မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် သရက်မြို့နယ်၊ စခန်းကြီးရွာနေ ဦးကျော်လှ(၄၀)နှစ်ပါ ကျား ၆ ဦး၊ မ ၆ ဦး၊ စုစုပေါင်း(၁၂)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မိတ်္ထီလာပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 9G/xxxx ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ၀ဲ/ယာရှေ့မီးသီးကွဲ၊ ၀ဲဘက်ဘော်ဒီပိန်ချိုင့်၍ တန်ဘိုးငွေကျပ် (၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ဖြိုးဝေအောင်အား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၂၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

ရှေ့ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက် (၁၂)ဦး ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
21:29
Rating: