ရန်ကုန်၊ သြဂုတ် ၁၀
၁၀.၈.၂၀၁၄ရက်နေ့ ၀၁၂၀အချိန်တွင် လှိုင်မြို့နယ်၊ ဗဟိုလမ်းနေ ဦးခင်မောင်ဝင်းသည် နေအိမ် ရှေ့ ၀ရန်တာ၌ ဖုန်းပြောနေစဉ် အမည်မသိ အမျိုးသား(၂)ဦးမှ ဆိုင်ကယ်(၁)စီးနှင့်ရောက်ရှိလာပြီး နေအိမ် အောက်ထပ်တွင် ရပ်ထားသော ၃၇/ယ---- Kenbo-125 အမျိုးအစား ဆိုင်ကယ်၏ဇက်သော့အား လှည့်ချိုးပြီး ဆော့ကက်ဖြုတ်ကာ စက်နှိုး၍ ခိုးယူနေစဉ် ၎င်းမှတွေ့ရှိသဖြင့် ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီ တောင်းခံခဲ့ရာ အနီးရှိပြည်သူများမှ ၀ိုင်းဝန်း ဖမ်းဆီးခဲ့ပါသည်။
ထိုသို့ဖမ်းဆီးစဉ် ဆိုင်ကယ်ခိုးယူသူ(၂)ဦးအနက်(၁)ဦးမှာ ခြေလျင်ထွက်ပြေး သွားပြီး ကျန်(၁)ဦးမှာ ၎င်းတို့စီးလာသည့် ၄၁ယ/---- JLM-125 အမျိုးအစား ဆိုင်ကယ် အားမောင်းနှင်ထွက်ပြေး သွားခဲ့ရာ ဗဟိုလမ်းနှင့် သီရိမြိုင်လမ်းထိပ်တွင် ဆိုင်ကယ်လဲကျ တိမ်းမှောက်ခဲ့သဖြင့် ဖမ်းဆီး ရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူမှာ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်နေ သန့်ဇင်၊ (၂၈)နှစ်၊ (ဘ)ဦးတင်ဝင်းဖြစ်ပြီး ဆိုင်ကယ်ဖြင့်ထွက်ပြေးစဉ် တိမ်းမှောက်ခဲ့သဖြင့် ဦးခေါင်းပေါက်ပြဲ၊ ယာမျက်ခုံးတို့၌ပေါက်ပြဲဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသပေးလျက်ရှိကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသူမှာ လှိုင်သာယာမြို့နယ်နေ နိုင်ကိုဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ ဆိုင်ကယ်ခိုးယူသူ သန့်ဇင်နှင့် နိုင်ကို တို့(၂)ဦးအား လှိုင်မြို့မရဲစခန်း (ပ)၄၂၈/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၇၉(မဆ)ဖြင့် အမှုဖွင့်အရေးယူကာ နိုင်ကိုအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

ဆိုင်ကယ်ခိုးယူသူ(၂)ဦးအား ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ (၁)ဦးအား ဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
09:42
Rating: