ဓားစာခံဖြစ်ခံရတဲ့ အမေရိကန် သတင်းသမား တစ်ဦး ပြန်လွတ်လာ

ဆီးရီးယားနိုင်ငံမှာ ​နှစ်နှစ်ကြာ ​ဓားစာခံအဖြစ် ​ဖမ်းဆီးခံထားရတဲ့ ​အမေရိကန်နိုင်ငံသား ​သတင်းသမားတစ်ဦး ​ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Peter ​Theo ​Curtis ​လွတ်မြောက်ရေး ​အတွက် ​ကာတာနိုင်ငံက ​ကြားနေ ​အဖြစ် ​ဆောင်ရွက် ​ပေးခဲ့တာ ​ဖြစ်ပါတယ်။ ​Peter ​Theo ​Curtis ​လွတ်မြောက် ​လာဖို့ ​အတွက် ​ငွေကြေး ​ဘယ်လောက် ​ပေးခဲ့ရ ​သလဲ ​ဆိုတာကို ​မရှင်း ​မလင်း ​ဖြစ်နေတဲ့ ​အပေါ် ​ကာတာနိုင်ငံက ​သူတို့ ​အနေနဲ့ ​ဘာငွေကြေးမှ ​မပေးဆောင်တဲ့ ​အကြောင်း ​လူသားခြင်း ​စာနာတဲ့ ​အနေနဲ့ ​လွတ်ပေးဖို့ ​ကြားဝင် ​တောင်း ​ဆိုရာက ​လွတ်ပေးခဲ့တာ ​ဖြစ်ကြောင်း ​တုန့်ပြန် ​ထားပါတယ်။

Peter ​Theo ​Curtis ​ရဲ့ ​မိဘတွေ ​ကတော့ ​သူတို့သား ​လွတ်မြောက် ​တဲ့အပေါ်မှာ ​မယုံကြည်နိုင် ​လောက်အောင် ​ဝမ်းသာ ​မိတယ်လို့ ​ပြောပြခဲ့ပါတယ်။

သူ့ကို ​ဖမ်းဆီးတဲ့ ​ကာလ ​အတွင်း ​ကောင်းမွန်စွာ ​စောင့်ရှောက် ​တာကို ​ခံခဲ့ရတယ် ​လို့လည်း ​ပြန်လည် ​လွတ်မြောက် ​လာတဲ့ ​သတင်း ​သမား ​Peter ​Theo ​Curtis ​က ​ပြောပါတယ်။ ​Peter ​Theo ​Curtis ​ဟာ ​အမေရိကန် ​နိုင်ငံသား ​သတင်းသမား ​James ​Foley ​ကို ​အကြမ်းဖက်အဖွဲ့က ​လည်လှီးသတ်ခဲ့ပြီး ​မကြာခင်မှာပဲ ​ပြန်လည် ​လွတ်မြောက်လာတာဖြစ်ပါတယ်။

အခုလောလောဆယ် ​James ​Foley ​ကို ​လည်လှီးသတ်ခဲ့သူကို ​ဗြိတိန်အာဏာပိုင်တွေက ​စုံစမ်းနေဆဲဖြစ်ပြီး ​ဘယ်သူ ​ဘယ်ဝါဆိုတာ ​သိရဖို့ ​နီးစပ်လာပြီလို့ ​ပြောပါတယ်။

အဲဒီ ​လည်လှီး ​သတ်ဖြတ် ​ခဲ့သူဟာ ​ဘယ်သူဖြစ် ​မလဲဆိုတာကို ​လူအင်အား၊ ​ငွေအင်အားတွေ ​အများဖြည့်ဆည်းပြီး ​စုံစမ်း ​စစ်ဆေးမှုတွေ ​လုပ်နေတယ်လို့ ​အမေရိကန်နိုင်ငံမှာ ​တာဝန်ထမ်းဆောင်နေတဲ့ ​ဗြိတိန်သံမှူးက ​ပြောသွားခဲ့ပါတယ်။ ​James ​Foley ​ကို ​လည်လှီးသတ်ဖြတ်ခဲ့သူ ​ဘယ်သူဖြစ်သလဲဆိုတာကို ​သိရဖို့ ​နီးစပ်နေပြီလို့ ​ဗြိတိန်အစိုးရက ​ပြောဆိုနေချိန်မှာပဲ ​ဗြိတိန်မီဒီယာမှာတော့ ​အဲဒီလူကို ​ဖော်ထုတ်လိုက်ကြပြီ ​ဖြစ်ပါတယ်။

ဗြိတိန် ​မီဒီယာတွေရဲ့ ​အဆိုအရ ​အဲဒီလည်လှီး ​ခဲ့တဲ့လူဟာ ​အသက် ​၂၃ ​နှစ်အရွယ် ​Abdel-Majed ​Abdel ​Bary ​ဆိုသူဖြစ်ပြီး ​သူ့အဖွဲ့အစည်းကတော့ ​သူ့ကို ​Jihadi ​John ​အဖြစ် ​ခေါ်ဝေါ်ကြတယ်လို့ ​ဆိုပါတယ်။

ဗြိတိန်နိုင်ငံက ​M15 ​နဲ့ ​M16 ​လို့ခေါ်တဲ့ ​လောက် ​လှမ်းရေး ​သမားတွေကို ​ကိုးကားပြီး ​ဖော်ပြကြတာလည်း ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-25/1360492

ပြန်လည်လွတ်မြောက်လာတဲ့ သတင်းထောက် Peter Theo Curtis (Credit: ABC) 

ဓားစာခံဖြစ်ခံရတဲ့ အမေရိကန် သတင်းသမား တစ်ဦး ပြန်လွတ်လာ ဓားစာခံဖြစ်ခံရတဲ့ အမေရိကန် သတင်းသမား တစ်ဦး ပြန်လွတ်လာ Reviewed by သစ်ထူးလွင် on 08:37 Rating: 5
Powered by Blogger.