ရန်ကုန်၊ သြဂုတ် ၂၃
၂၂.၈.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် များ သည် အင်းစိန်ဆေးရုံသို့ အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံးရောက်ရှိလာကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မရမ်းကုန်းမြို့နယ်နေ ကိုတိုးအောင်အောင်၊ (၃၆)နှစ်ဖြစ်ပြီး ၀ဲဘက်လက်သူကြွယ်တွင် စုတ်ပြဲဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အခင်းဖြစ်ချိန်က အပြင်မှနေအိမ်သို့ ပြန်လာပြီး အိမ်ပေါ်သို့တက်စဉ် ရေမော်တာအား သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုး၏ပေါက်နေသောနေရာအား လက်ဖြင့်ကိုင်မိရာမှ ဓါတ်လိုက်ခဲ့ပြီး သတိလစ်သွားသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဘုရင့်နောင်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၄/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

ပေါက်နေသော လျှပ်စစ်ဝါယာကြိုးနေရာအား လက်ဖြင့်ကိုင်မိရာမှ ဓါတ်လိုက်သေဆုံး
Reviewed by သစ်ထူးလွင်
on
12:36
Rating: