အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး လုပ်သား ၆၀ သေဆုံး

 အနောက်အာဖရိက ​နိုင်ငံတွေမှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးဟာ ​ထိန်းချုပ်လို့ ​မရတော့တဲ့ ​အဆင့်မှာ ​ရောက်ရှိနေပြီး ​သေခြာသင်တန်းတွေ ​မရကြတဲ့ ​ကျန်းမာရေးလုပ်သားတွေ ​ကူးစက်ခံနေရပြီလို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​ပြောပါတယ်။

အခုလောလောဆယ် ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​ကျန်းမာရေးအမှုထမ်း ​၆၀  ​သေဆုံးခဲ့ရပြီ ​ဖြစ်ပါတယ်။

Sierra ​Leone, ​Guinea ​နဲ့ ​Liberia ​နိုင်ငံမှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာပိုးကို ​ကုသမှုပေးခဲ့တဲ့ ​အမေရိကန် ​နိုင်ငံသား ​ဆရာဝန် ​နှစ်ဦးကို ​အမေရိကန် ​နိုင်ငံဆီ ​ပြန်လည်ခေါ် ​ယူတဲ့အတွက် ​အမေရိကန် ​နိုင်ငံသားတွေက ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

အမေရိကန် ​အစိုးရကတော့ ​အဲဒီကိစ္စအပေါ် ​မစိုးရိမ်ကြဖို့ ​ရုပ်မြင် ​သံကြား ​ကနေ ​တဆင့် ​နှစ်သိမ့်စကား ​ပြောကြားထားပါတယ်။

အနောက်အာဖရိကနိုင်ငံတွေမှာ ​ဖေဖော်ဝါရီလနောက်ပိုင်း ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​လူအယောက် ​၇၀၀ ​ကျော် ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-04/1351922

အီဘိုလာ ဗိုင်းရပ်စ်ပိုး 

အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး လုပ်သား ၆၀ သေဆုံး  အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး လုပ်သား ၆၀ သေဆုံး Reviewed by သစ်ထူးလွင် on 06:30 Rating: 5
Powered by Blogger.