ကျောက်ကပ်များ တရားမ၀င် ရောင်းဝယ်ခဲ့သူ ၁၅ ဦးကို တရုတ်အစိုးရ တရားစွဲဆို

ပေကျင်း ၊ ၂၃-၈-၂၀၁၄

တရုတ်နိုင်ငံတွင် ကျောက်ကပ်များ တရားမဝင် ရောင်းဝယ်ခဲ့သူ ၁၅ ဦးကို တရားစွဲဆို ခဲ့ကြောင်း ဒေသတွင်း မီဒီယာ တစ်ခုက ပြောကြားခဲ့သည်။

ဖမ်းဆီး တရားစွဲဆို ခံရသူများတွင် ဆရာဝန်များ နှင့် ကျောက်ကပ် လှူဒါန်းရန် လှုံ့ဆော် စည်းရုံးသူများ ပါဝင်ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

၎င်းတို့သည် ကျောက်ကပ် ၅၁ ခုကို တရားမဝင် ရောင်းချခဲ့ပြီး ယင်းသို့ ရောင်းချ ရခြင်းမှ ဒေါ်လာ ၃၅ဝဝဝ ရရှိ ခဲ့သော်လည်း ကျောက်ကပ် အလှူရှင် များမှာ ဒေါ်လာ ၄ဝဝဝ ခန့်သာ ရရှိခဲ့ကြောင်း ဒေသ တွင်း ထုတ်ဝေသည့် သတင်းစာတွင် ဖော်ပြ ထားသည်။

၎င်းတို့သည် ငါးလအတွင်း ကျောက်ကပ် ရောင်းချခြင်းမှ ဒေါ်လာ ၂၅ဝဝဝဝ ကျော် ရရှိခဲ့ကြောင်း နှင့် အဆိုပါ ကျောက်ကပ် မှောင်ခိုကူးသူ များ၏ လက်ချက်ကြောင့် ကလေးငယ် ၂၃ ဦးမှာ ဓားစာခံ ဖြစ်ခဲ့ ရကြောင်းနှင့် ယင်းအမှုနှင့် စပ်လျဉ်း ၍ အဆိုပါ ဂိုဏ်းခေါင်းဆောင် ကို တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ချ မှတ်ခဲ့ပြီး ကျန် အဖွဲ့ဝင် များမှာ ထောင်ဒဏ် သုံးနှစ်ခွဲ မှ ကိုးနှစ် အထိကျခံ ရနိုင်ဖွယ် ရှိကြောင်း သိရသည်။

#Themyawadydaily
https://www.facebook.com/myawadydaily


ကျောက်ကပ်များ တရားမ၀င် ရောင်းဝယ်ခဲ့သူ ၁၅ ဦးကို တရုတ်အစိုးရ တရားစွဲဆို ကျောက်ကပ်များ တရားမ၀င် ရောင်းဝယ်ခဲ့သူ ၁၅ ဦးကို တရုတ်အစိုးရ တရားစွဲဆို Reviewed by သစ်ထူးလွင် on 09:00 Rating: 5
Powered by Blogger.