ဆင်ပေါင်ဝဲ သြဂုတ် ၃
မကွေးတိုင်း ဒေသကြီး သရက် ခရိုင် ဆင်ပေါင်ဝဲမြို့ အမှတ် (၉၁) ရပ်ကွက်နေ မောင်ညီညီထွေးသည် သြဂုတ် ၁ ရက် ညနေ ၄ နာရီခွဲက ဆိုင်အနောက်ဘက်ရှိ ဧရာဝတီမြစ် အတွင်းသို့ ရေဆင်းချိုးစဉ် ဧရာဝတီ မြစ်ကမ်းစပ်တွင် မိုင်းဟုယူဆရသည့် ပုလင်းပုံသဏ္ဌာန်တစ်ခု တွေ့ရှိခဲ့ သဖြင့် သက်ဆိုင်ရာသို့အကြောင်း ကြားခဲ့သည်။
အဆိုပါ တွေ့ရှိရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ် အောင်မောင်မောင်၊ မြို့နယ်ရဲမှူး ရဲမှူးမော်မော်၊ ဆင်ပေါင်ဝဲမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းရွှေတို့ရောက် ရှိစစ်ဆေးခဲ့ရာ ပုလင်းပုံသဏ္ဌာန် အမြင့် ၅ ဒသမ ၅ လက်မ၊ အောက် ပိုင်းလုံးပတ် နှစ်လက်မ၊ အောက်ပိုင်း အမြင့် ၂ ဒသမ ၅ လက်မ၊ အပေါ် ပိုင်းလုံးပတ်တစ်လက်မ၊ အပေါ်ပိုင်း အမြင့်သုံးလက်မ၊ အစိမ်းရောင် ကော်ဖုံးပါ စစ်အစိမ်းရောင်ဆေးသုတ် ထားသော သတ္တုကိုယ်ထည်ပေါ်တွင် (M 16) စာတန်းပါ ပုလင်းပုံသဏ္ဌာန် တစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ ပစ္စည်းကို မကွေးမြို့ နယ်မြေခံ အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီး အေးမြင့်နှင့် ဒုတပ်ကြပ် သက်ဝင်းမောင်တို့၏ စစ်ဆေးချက် အရ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး (အသုံးပြုရ)ဖြစ်ကြောင်း သိရပြီး အဆိုပါဗုံးသီးအား တပ်ကြပ်ကြီး အေးမြင့်ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

ဆင်ပေါင်ဝဲမြို့နယ်တွင် ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာမှ လက်ပစ်ဗုံးတစ်လုံးတွေ့ရှိ
Reviewed by သစ်ထူးလွင်
on
10:50
Rating: