အမျိုးသမီး ပြိုင်ဖက်နဲ့ ပထမဦးဆုံး ထိုးရမယ့် Kiribati လက်ဝှေ့မယ်

 ပစိဖိတ် ​သမုဒ္ဒရာထဲက ​လူဦးရေပေါင်း ​၁ ​သိန်းကျော်သာ ​နေထိုင်တဲ့ ​Kiribati ​ကျွန်းက ​အသက် ​၁၈ ​အရွယ် ​လက်ဝှေ့မယ်လေးက ​ကျင်းပနေဆဲ ​ဓနသဟာယ ​နိုင်ငံများ ​အားကစားပွဲမှာ ​မကြုံစဖူး ​အဖြစ်နဲ့ ​ကြုံရမှာ ​ဖြစ်ပါတယ်။

အကြောင်းကတော့ ​သူ့နိုင်ငံမှာ ​တခြား ​အမျိုးသမီး ​လက်ဝှေ့သမားမရှိ ​တာကြောင့် ​သူ့ဟာ ​အမျိုးသား ​ပြိုင်ဖက်တွေ ​နဲ့ပဲ ​အမြဲတမ်း ​ယှဉ်ပြိုင်ခဲ့ရသူဖြစ်ပါတယ်။

အဲဒီ ​အတွက်လည်း ​ဘယ်တုန်းကမှ ​ပြဿနာ ​မရှိခဲ့ဘူးလို့ ​သူကဆိုပါတယ်။

လာမယ့် ​lightweight ​တန်းပွဲစဉ်မှာတော့ ​ပြိုင်ဖက် ​Isabelle ​Ratna ​နဲ့ ​ထိုးသတ်ရမှာ ​ဖြစ်ပါတယ်။

အရှုံးအနိုင် ​အဖြေ ​အဓိကမဟုတ်ပဲ ​သူ့နိုင်ငံမှာ ​အမျိုးသမီး ​လက်ဝှေ့မယ်တွေ ​ထွက်ပေါ်လာဖို့ ​ဒီပြိုင်ပွဲကနေ ​သူမျှော်လင့် ​ထားတယ်လို့ ​ရိုက်တာ ​သတင်းဌာနကို ​ပြောခဲ့ပါတယ်။

ကျင်းပနေဆဲ ​ဓနသဟာယ ​နိုင်ငံများ ​အားကစားပွဲမှာ ​သြစတြေးလျနိုင်ငံက ​အခြေအနေ ​ကောင်းနေပါတယ်။

သေနတ်ပစ် ​နဲ့ ​ပြေးခုန်ပစ် ​ပြိုင်ပွဲတွေမှာ ​ရွှေတံဆိပ်တွေ ​ဆက်ရခဲ့သလို ​ကွင်းပတ်မောင်းရတဲ့ ​စက်ဘီး ​ပြိုင်ပွဲမှာလည်း ​ဓနသဟာယ ​ပြိုင်ပွဲစံချိန်တွေကို ​ချိုးနိုင်ခဲ့ကြတာကြောင့် ​ဆုတံဆိပ်ဇယားမှာ ​ရွှေ ​၃၀ ​ငွေ၂၅ ​ကြေး ​၃၂ ​စုစုပေါင်း ​ဆုတံဆိပ် ​၈၇ ​နဲ့ ​ဇယားထိပ်ကနေ ​ဦးဆောင်နေပါတယ်။

တခြားဘောလုံး ​အပြောင်းအရွှေ့သတင်းများ

အာဆင်နယ်အသင်းဟာ ​ဆောက်သင်တန် ​အသင်းရဲ့ ​ဆယ်ကျော်သက်အရွယ် ​နောက်ခံလူ ​Calum ​Chambers ​ကို ​ပေါင် ​၁၆ ​သန်းနဲ့ ​ခေါ်ယူလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ​ဆောက်သင်တန် ​အသင်းရဲ့ ​ခရိုအေးရှား ​နောက်ခံလူ ​၂၅ ​နှစ်အရွယ် ​Dejan ​Lovren ​ကို ​ပေါင် ​သန်း ​၂၀ ​နဲ့ ​ခေါ်ယူလိုက်ပြီး ​၄ ​နှစ်စာချုပ် ​ချုပ်ဆိုလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-29/1349340


အမျိုးသမီး ပြိုင်ဖက်နဲ့ ပထမဦးဆုံး ထိုးရမယ့် Kiribati လက်ဝှေ့မယ်  အမျိုးသမီး ပြိုင်ဖက်နဲ့ ပထမဦးဆုံး ထိုးရမယ့် Kiribati လက်ဝှေ့မယ် Reviewed by သစ်ထူးလွင် on 06:43 Rating: 5
Powered by Blogger.