လမ်းကြိတ်စက်ကို GI Group ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် ၀င်တိုက်

 ကတ္တရာခင်းနေသော လမ်းကြိတ်စက်အား အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ်က ၀င်တိုက်

နေပြည်တော်၊ ဇူလိုင် ၁၁

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၅/၅-၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ ပလွေးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သက်သေများနှင့် အတူ သွားရောက်စစ်ဆေး ခဲ့သည်။

  စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မိတ္ထီလာမြို့၊ ၀န်ဇင်းရပ်ကွက်နေ ဟန်စိုး(၄၉)နှစ်မောင်းနှင်လာသော GI Group ယာဉ်လိုင်းမှ ၆ဃ/xxxx ခရီးသည်တင်မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးဌာနမှ ကတ္တရာခင်း နေသည့် လမ်းကြိတ်စက်ယာဉ်၏ယာဘက်နောက်ဘီးအားပွတ်တိုက်မိပြီး လမ်းယာဘက်ဘေးရှိ မြေသား လမ်းပေါ်သို့ ထိုးကျရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၆ဃ/xxxxခရီးသည်တင်မှန်လုံယာဉ်၏ ရှေ့ခေါင်းယာဘက်ခြမ်းပိန်ချိုင့်၊ ရှေ့လေကာမှန်/ ယာဘက် ရှေ့တံခါးမှန်ကွဲ၍ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့်နှင့် လမ်းကြိတ်စက်ယာဉ်၏ ရှေ့လေကာမှန်ကွဲ၍ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဟန်စိုးအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


လမ်းကြိတ်စက်ကို GI Group ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် ၀င်တိုက်   လမ်းကြိတ်စက်ကို GI Group ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် ၀င်တိုက် Reviewed by သစ်ထူးလွင် on 21:17 Rating: 5
Powered by Blogger.