ကားဟိုက်ဒရောလစ် DUMP ကိုလှန်၍ ပြုပြင်နေစဉ် DUMP ပြုတ်ကျပြီး ကားဖရိန်နှင့် ဦးခေါင်းညပ်၍ သေဆုံး

နေပြည်တော်၊ ဇူလိုင် ၁၂

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆူးပုတ်ခုံကျေးရွာအနီး ကားလမ်းဘေးတွင် လူတစ်ဦးကားပိ၍ သေဆုံးနေကြောင်း သတင်းအရ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 ထိုသို့စစ်ဆေးရာ ဆူးပုတ်ခုံကျေးရွာနီး ကားလမ်းဘေးတွင် ၉ဌ/xxxx အနီရောင်(၆)ဘီး DUMP FAW ယာဉ်အား ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရွာနေ မျိုးမင်းလတ်(၂၉)နှစ်သည် ဟိုက်ဒရောလစ် DUMP ကိုလှန်၍ ပြုပြင်နေစဉ် DUMP ပြုတ်ကျပြီး ကားဖရိန်နှင့် ဦးခေါင်းညပ်မိသေဆုံးသွားကြောင်း သိရှိရသဖြင့် မျိုးမင်းလတ်အား ပေါက်မြို့မရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


ကားဟိုက်ဒရောလစ် DUMP ကိုလှန်၍ ပြုပြင်နေစဉ် DUMP ပြုတ်ကျပြီး ကားဖရိန်နှင့် ဦးခေါင်းညပ်၍ သေဆုံး  ကားဟိုက်ဒရောလစ် DUMP ကိုလှန်၍ ပြုပြင်နေစဉ် DUMP ပြုတ်ကျပြီး ကားဖရိန်နှင့် ဦးခေါင်းညပ်၍ သေဆုံး Reviewed by သစ်ထူးလွင် on 18:34 Rating: 5
Powered by Blogger.