မန္တလေးမြို့ ၈၂×၂၇ လမ်းထောင့်မှာရှိတဲ့ နေကဖေး၊ ဆန်းကဖေး လက်ဖက်ရည်ဆိုင်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ဖျက်မယ် ဆိုတဲ့ သတင်းတွေကြောင့် ဆိုင်ရှေ့မှာ လူတွေ အများအပြား စုရုံးရောက်ရှိနေပါတယ်။
လုံခြုံရေးတွေလည်း အများအပြား ချထားပါတယ်။
နေကဖေး၊ ဆန်းကဖေး လက်ဖက်ရည်ဆိုင် ပိုင်ရှင်က မွတ်ဆလင်တွေ ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို အဓမ္မ ပြုကျင့်တယ် ဆိုတဲ့ သတင်းတွေ အင်တာနက်မှာ ပျံ့နှံ့လာပြီးနောက်မှာ အခုလို ဆိုင်ရှေ့မှာ လူတွေ စုဝေးလာနေကြတာ ဖြစ်ပါတယ်။
လုံခြုံရေးတွေကတော့ လူစုခွဲဖို့ ကြိုးစားနေကြတယ်လို့ မန္တလေးက ဘီဘီစီ သတင်းထောက်ကတဆင့် သိရှိရပါတယ်။
BBC Burmese
မန္တလေးမြို့ ၈၂-၂၈ လမ်းတွင် ပဋိပက္ခဖြစ်ပွားသည့် မှတ်တမ်း ဓာတ်ပုံများ ။ ဓါတ်ပုံ - Hot News Journal

မန္တလေးမြို့ ၈၂-၂၈ လမ်းတွင် လူစုလူဝေးဖြစ်
Reviewed by သစ်ထူးလွင်
on
21:25
Rating: