ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်း ရပ်ကွက် စဝ်စံထွန်းဈေး၌ ယမန်နေ့ နံနက် ၆ နာရီက ဆိုင်ခန်းအတွင်းရှိ အဝတ်အထည်များ ခိုးယူခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ စဝ်စံထွန်း ဈေးရှေ့ ဝင်ပေါက် တံခါးမကြီးနှင့် ကပ်လျက် အပြင်ဘက် တိုက်တန်းတွင် မယဉ်ယဉ်ဝင်း ဖွင့်လှစ်ထားသည့် မိုးယံရွှေလမင်း ထီရောင်းဝယ်ရေးနှင့် အထည်စတိုးဆိုင်ရှိ ဆိုင်ခန်းတံခါးမှာ ပွင့်နေပြီး အဝတ်များ ပြန့်ကျဲနေကြောင်း ဆိုင်ချင်း ကပ်လျက်နေသူ ဦးဝင်းဗိုလ်က နေအိမ်သို့ လာရောက် ပြောကြားခဲ့သဖြင့် မယဉ်ယဉ်ဝင်းက ဆိုင်သို့ သွားရောက် ကြည့်ရှုရာ ဆိုင်၏ တောင်ဘက်တံခါး နှစ်ချပ်မှာ ပွင့်နေသည်ကို တွေ့ရှိရပြီး ဆိုင်အတွင်း ထားရှိသည့် အဝတ်အထည်များ တန်ဖိုးငွေကျပ် ၂၆၈၆ဝဝဝ ခန့် ခိုးယူခြင်း ခံရကြောင်း သိရှိရသဖြင့် မယဉ်ယဉ်ဝင်းက တရားလိုပြုလုပ် တိုင်တန်း၍ တောင်ကြီးနယ်မြေ ရဲစခန်းက (ပ)၁ဝ၆/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ အရ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ အမှတ်(၁)ရပ်ကွက်၌ ယမန်နေ့ နံနက် ၆ နာရီခွဲက နေအိမ်အိပ်ခန်း အတွင်းမှ ငွေစက္ကူနှင့် ရွှေထည် ပစ္စည်းများ ခိုးယူခံရကြောင်းသိရသည်။
ဖြစ်စဉ်မှာ ကိုအောင်ထွေး ၃၂ နှစ်(ဘ) ဦးကျော်ငွေ အမှတ်(၁)ရပ်ကွက် ပင်လုံမြို့ နေသူသည် အိပ်ရာနိုး၍ အိပ်ခန်း အပြင်ဘက်သို့ ထွက်လာစဉ် နေအိမ်တံခါးများ ပွင့်နေသဖြင့် မိခင်ဖြစ်သူ၏ အိပ်ခန်းအတွင်း ဝင်ရောက်ကြည့်ရှုရာ မိခင် အိပ်ခန်းအတွင်းရှိ သေတ္တာမှာ မျောက် လက်ပြုတ်နေပြီး၎င်းသေတ္တာအတွင်းရှိ ငွေကျပ် ခြောက်သိန်းနှင့် ရွှေထည်ပစ္စည်း နှစ်မျိုး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၄၃၅ဝဝဝ မှာ ပျောက်ဆုံး နေသဖြင့် ကိုအောင်ထွေးက တရားလိုပြုလုပ် တိုင်တန်း၍ ပင်လုံနယ်မြေ ရဲစခန်းက (ပ)၁၂/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

တောင်ကြီးမြို့နှင့် ပင်လုံမြို့တို့တွင် ဖောက်ထွင်းခိုးယူ ခံရမှု ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
09:49
Rating: