ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်အဖြစ် ဇွန်လ ၃၀ ရက်နေ့က ကစားတဲ့ ပွဲတွေမှာ ဥရောပက နာမည်ကြီးအသင်း နှစ်သင်းက အာဖရိက အသင်းတွေနဲ့ ဆုံခဲ့ပါတယ်။
ဂျာမနီက အယ်လ်ဂျီးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး၊ ပြင်သစ်က နိုင်ဂျီးရီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဂျာမနီ-အယ်လ်ဂျီးရီးယား
ဂျာမန်တွေ လွယ်လွယ်နိုင်သွားလိမ့်မယ်လို့ ထင်ထားခဲ့ကြပေမယ့် အဲဒီအထင်မှားခဲ့ပါတယ်။ အယ်လ်ဂျီးရီးယား နည်းပြက ဂျာမန် အကွက်တါကေို မှန်းဆမိပြီး ပိတ်ကစားသွားနိုင်လို့ ဂျာမနီ ဂိုးသွင်းခွင့် များများမရပါဘူး၊ ရတဲ့အခါတွေမှာလည်း အယ်လ်ဂျီးရီးယား ဂိုးသမားက ကောင်းလွန်းနေပါတယ်။
ပထမပိုင်းမှာ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ပဲ ရှိခဲ့ပါတယ်။ ပြင်သစ်က ပိုထိုးဖောက်နိုင်ပြီး ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ ပြင်သစ်က ကန်သွင်းတဲ့ဘောလုံး ဂိုးဘားတန်းထိပြီး ထွက်သွားတာ၊ အနီးကပ် ကန်သွင်းချက်တွေကိုလည်း နိုင်ဂျီးရီးယား ဂိုးသမား ကာကွယ်နိုင်ခဲ့ တာတွေကြောင့် ဂိုးမရနိုင်ပဲ ဖြစ်နေခဲ့ပါတယ်။
မိနစ် ၉၀ ပြည့်တဲ့ အထိ ဂိုးမသွင်းနိုင်ကြလို့ အချိန်ပိုကစားရပါတယ်၊ အချိန်ပို အစမှာပဲ ဘယ်တောင်ပံကနေ ဂိုးရှေ့ကို သောမတ်စ် မူလာချပေးတဲ့ ဘောလုံးကို ချယ်လ်ဆီးမှာ ကစားနေတဲ့ အဲန်ဒရေရှာလေက အနီးကပ်ကန်သွင်းယူခဲ့ပါတယ်၊
အချိန်ပို ဒုတိယပိုင်းပြီးကာနီးမှာ ဂျာမနီက အိုဇေးလ်တဂိုးထပ်သွင်းလို့ ဂျာမန် ၂ ဂိုးဂိုးမရှိနဲ့ ပွဲသိမ်းတော့မယ်လို့ မှတ်ရချိန် ရုတ်တရက် အယ်လ်ဂျီးရီးယားက တိုက်စစ်ဆင်ပြီး ညာတောင်ပံက ကန်ပို့ပေးတဲ့ဘောလုံးကို ဂျာဘိုးက အနီးကပ် ပိတ်ပြီး ဂိုးသွင်းလိုက်လို့ ၁ ဂိုးပြန်ရပါတယ်၊ ဒီ ဂိုးသွင်းအပြီးမှာပဲ ပွဲပြီးသွားလို့ ဂျာမနီက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်လို့ ကွာတား တက်သွားပါတယ်။ မနေ့က ဂျာမန်ကစားခဲ့တဲ့ ပထမပိုင်း ခြေစွမ်းဟာ တော်တော် ညံ့တယ်လို့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ပြင်သစ်-နိုင်ဂျီးရီးယား
ပထမပိုင်းမှာ နိုင်ဂျီးရီးယားက အယ်မီနီကေး အနီးကပ်ကန်သွင်းတဲ့ ဘော ဂိုး ဝင်သွားပေမယ့် လူကျွံနေလို့ ဂိုးမရခဲ့ပါဘူး။
ဒုတိယပိုင်း ၇၉ မိနစ်အရောက်မှာ ပြင်သစ်ကရတဲ့ ထောင့်ကန်ဘောကို ဂိုးပေါက်ဝကို ကန်တင်ပေးတဲ့အချိန် နိုင်ဂျီးရီးယား ဂိုးသမားက ပုတ်ထုတ်တာကို အသင့်စောင့်နေတဲ့ ပေါလ်ပေါ့ဂဘာက ခေါင်းတိုက်သွင်းယူ လိုက်ပါတယ်။
ပြင်သစ်က ပွဲပြီးကာနီး ဆက်တိုက် ဖိကစားတဲ့ အချိန် နာကျင်အချိန်ပို ၉၂ မိနစ်မှာ ထောင့်ကန်ဘော ထပ်ရပါတယ်။ ဒီထောင့်ကန်ဘောကို အမြောက်ကန်မတင်ပဲ အပေးအယူ လုပ်ယူလာပြီး ဂိုးရှေ့ဖြတ်တင်တဲ့ ဘောလုံးကို ဂရိဇ်မန်း ကန်သွင်းတာ ဂိုးသမားကို ကျော်ပြီး နိုင်ဂျီးရီးယား နောက်ခံလူ ဂျိုးဇက်ယိုဘိုနဲ့ ထိပြီး ဝင်သွားပါတယ်။ ဒီဂိုးကို ယိုဘိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုအဖြစ် ဖီဖာက သတ်မှတ်ပါတယ်။
ပြင်သစ်နဲ့ ဂျာမနီ လာမယ့် သောကြာနေ့မှာ ကွာတားဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဂျာမနီရဲ့ ပထမဂိုးကို ရှာလေက သွင်းပေးခဲ့ |
ဂျာမနီက အယ်လ်ဂျီးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး၊ ပြင်သစ်က နိုင်ဂျီးရီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဂျာမနီ-အယ်လ်ဂျီးရီးယား
ဂျာမန်တွေ လွယ်လွယ်နိုင်သွားလိမ့်မယ်လို့ ထင်ထားခဲ့ကြပေမယ့် အဲဒီအထင်မှားခဲ့ပါတယ်။ အယ်လ်ဂျီးရီးယား နည်းပြက ဂျာမန် အကွက်တါကေို မှန်းဆမိပြီး ပိတ်ကစားသွားနိုင်လို့ ဂျာမနီ ဂိုးသွင်းခွင့် များများမရပါဘူး၊ ရတဲ့အခါတွေမှာလည်း အယ်လ်ဂျီးရီးယား ဂိုးသမားက ကောင်းလွန်းနေပါတယ်။
ဒုတိယ ဂိုးသွင်းပေခဲ့သူ အိုဇေးလ် |
မိနစ် ၉၀ ပြည့်တဲ့ အထိ ဂိုးမသွင်းနိုင်ကြလို့ အချိန်ပိုကစားရပါတယ်၊ အချိန်ပို အစမှာပဲ ဘယ်တောင်ပံကနေ ဂိုးရှေ့ကို သောမတ်စ် မူလာချပေးတဲ့ ဘောလုံးကို ချယ်လ်ဆီးမှာ ကစားနေတဲ့ အဲန်ဒရေရှာလေက အနီးကပ်ကန်သွင်းယူခဲ့ပါတယ်၊
အချိန်ပို ဒုတိယပိုင်းပြီးကာနီးမှာ ဂျာမနီက အိုဇေးလ်တဂိုးထပ်သွင်းလို့ ဂျာမန် ၂ ဂိုးဂိုးမရှိနဲ့ ပွဲသိမ်းတော့မယ်လို့ မှတ်ရချိန် ရုတ်တရက် အယ်လ်ဂျီးရီးယားက တိုက်စစ်ဆင်ပြီး ညာတောင်ပံက ကန်ပို့ပေးတဲ့ဘောလုံးကို ဂျာဘိုးက အနီးကပ် ပိတ်ပြီး ဂိုးသွင်းလိုက်လို့ ၁ ဂိုးပြန်ရပါတယ်၊ ဒီ ဂိုးသွင်းအပြီးမှာပဲ ပွဲပြီးသွားလို့ ဂျာမနီက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်လို့ ကွာတား တက်သွားပါတယ်။ မနေ့က ဂျာမန်ကစားခဲ့တဲ့ ပထမပိုင်း ခြေစွမ်းဟာ တော်တော် ညံ့တယ်လို့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ပြင်သစ်-နိုင်ဂျီးရီးယား
ပထမပိုင်းမှာ နိုင်ဂျီးရီးယားက အယ်မီနီကေး အနီးကပ်ကန်သွင်းတဲ့ ဘော ဂိုး ဝင်သွားပေမယ့် လူကျွံနေလို့ ဂိုးမရခဲ့ပါဘူး။
ဒုတိယပိုင်း ၇၉ မိနစ်အရောက်မှာ ပြင်သစ်ကရတဲ့ ထောင့်ကန်ဘောကို ဂိုးပေါက်ဝကို ကန်တင်ပေးတဲ့အချိန် နိုင်ဂျီးရီးယား ဂိုးသမားက ပုတ်ထုတ်တာကို အသင့်စောင့်နေတဲ့ ပေါလ်ပေါ့ဂဘာက ခေါင်းတိုက်သွင်းယူ လိုက်ပါတယ်။
အဖွင့်ဂိုး သွင်းပေးခဲ့တဲ့ ပေါလ်ပေါ့ဂဘာ |
ပြင်သစ်နဲ့ ဂျာမနီ လာမယ့် သောကြာနေ့မှာ ကွာတားဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ပြင်သစ် နဲ့ ဂျာမနီ ကွာတားမှာ ဆုံပြီ
Reviewed by သစ်ထူးလွင်
on
09:23
Rating: