တံတားအကွေ့တွင် ထော်လာဂျီယာဉ် အရှိန်လွန်တိမ်းမှောက်၍ (၁၃)ဦး ဒဏ်ရာရ

နေပြည်တော်၊ ဇူလိုင် ၁၁

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၅၇/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ တံတားဦးဘက်မှ မန္တလေးဘက်သို့ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာနေ ကိုဖြိုး(၂၆)နှစ်မောင်းနှင် လာသော ၉ဌ/xxxxထော်လာဂျီယာဉ်သည် တံတားအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းနှင့် ဘာရီယာတုံးများအား ၀င်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိတိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်း ကိုဖြိုး ပါ ကျား ၈ ဦး၊ မ ၅ ဦး၊ စုစုပေါင်း (၁၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တံတားဦးဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ကိုဖြိုးအား စကားအင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


တံတားအကွေ့တွင် ထော်လာဂျီယာဉ် အရှိန်လွန်တိမ်းမှောက်၍ (၁၃)ဦး ဒဏ်ရာရ   တံတားအကွေ့တွင် ထော်လာဂျီယာဉ် အရှိန်လွန်တိမ်းမှောက်၍ (၁၃)ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 18:45 Rating: 5
Powered by Blogger.