ထိုင်းနိုင်ငံမှ နာမည်ကျော်စွယ်စုံဆင်ကြီးတစ်ကောင် အဆိပ်ခတ်သတ်ခံရ

ဗန်ကောက် ဇူလိုင် ၁၁

 ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ်၌ နာမည်ကျော် စွယ်စုံဆင်ကြီး တစ် ကောင် အသတ်ခံခဲ့ရကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အသက်(၅ဝ)အရွယ်ရှိ အဆိုပါ ဆင်ကြီးသည် အဆိပ်ခတ်ခံရပြီး သေ ဆုံးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ယူဆ သည်။

ဇာတ်ကောင်တစ်ဦး

ခလောအမည်ရှိ စွယ်စုံဆင်ကြီး သည် အလေးချိန် ၄ ဒသမ ၉ တန် ရှိပြီး ထိုင်းနိုင်ငံ၌ ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည့် အလက်ဇန္ဒြားသည်ဂရိတ် ရုပ်ရှင်၌ အဆိုပါဆင်ကြီးကို ဇာတ်ကောင် တစ်ကောင်အဖြစ် ထည့်သွင်းခဲ့ ကြောင်း ဗန်ကောက်ပို့စ်သတင်းစာက သတင်းထုတ်ပြန်သည်။

အဆိုပါဆင်၏ ဆင်ထိန်းသည် ဇူလိုင် ၁ဝ ရက် ညနေပိုင်းက မြစ်တစ် စင်း နံဘေးသစ်ပင်တစ်ပင်၌ ယင်း ဆင်ကို သံကြိုးဖြင့်ချည်နှောင်၍ ထား ရစ်ခဲ့ကြောင်း နောက်တစ်နေ့ နံနက်၌ သေဆုံးနေသော ဆင်ကို တွေ့ရှိရ ကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်။

အဆိပ်မိကာ သေဆုံးရသည့် လက္ခဏာများကို တွေ့မြင်ရသည်။ ဆင်ကို သတ်ဖြတ်သွားသူမှာ ဆင် မုဆိုးများမဟုတ်ဘဲ ဒေသခံ ဆယ် ကျော်သက်ရွယ် လူငယ်လေးများ သို့မဟုတ် မူးယစ်ဆေးစွဲနေသူများ ဖြစ်နိုင်ကြောင်း၊ အကြောင်းမှာ ဆင် စွယ်ကို ဖြတ်တောက်ရာတွင် အရင်းမှ မဖြတ်တောက်ဘဲ အပေါ်ပိုင်းမှ ဖြတ် တောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတစ်ဦး က ပြောကြားသည်။

အရင်းမှအဖျား ပါရှိသည့် ဆင် စွယ်ကိုသာဈေးကွက်တွင်ဈေးကောင်း ပေး၍ ဝယ်ယူသည်ကို ဆင်သတ်ဖြတ် သူများက နားလည်ခဲ့ပုံမရပေ။ ယင်း ဆင်ကြီးသည် တော်ဝင်အခမ်းအနား အများအပြား၌ ပါဝင်ခဲ့သည့် ဆင်ကြီး တစ်ကောင်ဖြစ်ကြောင်း အယုဒ္ဓယ မြို့တော်ဝန်က ပြောကြားသည်။

ရိုက်တာ။

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS


ထိုင်းနိုင်ငံမှ နာမည်ကျော်စွယ်စုံဆင်ကြီးတစ်ကောင် အဆိပ်ခတ်သတ်ခံရ  ထိုင်းနိုင်ငံမှ နာမည်ကျော်စွယ်စုံဆင်ကြီးတစ်ကောင် အဆိပ်ခတ်သတ်ခံရ Reviewed by သစ်ထူးလွင် on 18:08 Rating: 5
Powered by Blogger.