နေပြည်တော် ဇူလိုင် ၁၂
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ည ၉ နာရီအချိန် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ကျိုက်ထီးဆောင်းစေတီရင်ပြင်တော်ပေါ်တွင် လူ ၂ ဦးဓါတ်လိုက်သေဆုံးကြောင်း သတင်းအရ တောင်စွန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ကျိုက်ထီးဆောင်းစေတီပေါ်သို့ ဘုရားဖူးရန်လာရောက်သူ ပေါင်မြို့နယ်၊ မုတ္တမမြို့၊ ပုသိမ်ကွင်းရပ်ကွက်နေ ထက်မြက်အောင်(၁၂)နှစ်သည် စေတီတော် အနောက် မြောက်ထောင့်ရှိ လိပ်ကန်တွင်ကာရံထားသောစတီးသံပန်း၌ အလှဆင်လျှပ်စစ်မီးသီးများ သွယ်တန်း ထားသည့် ဝါယာကြိုးပေါက်ကာ လျှပ်စစ်စီးဝင်နေသည်ကိုမသိဘဲ တံတောင်ဖြင့်ထောက်မိ၍ ဓါတ်လိုက်နေစဉ် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာနေ ဟိန်းစိုး(၁၇)နှစ်မှ ဝင်ရောက်ဆွဲရာ ၂ ဦးစလုံး ဓါတ်လိုက်သေဆုံးသွားကြောင်းသိရှိရပြီး တောင်စွန်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဓါတ်လိုက်သူကို ဆွဲရာမှ ၂ ဦးစလုံးဓါတ်လိုက် သေဆုံး
Reviewed by သစ်ထူးလွင်
on
17:36
Rating: