ရန်ကုန်၊ ဇူလိုင် ၁၁
၁၀.၇.၂၀၁၄ရက်နေ့ ၀၇၃၀အချိန် လှိုင်မြို့နယ်နေ ကိုမိုးကျော် (အမှတ်-၁၄ဆိုက္ကား ဂိတ်မှူး)သည် နေအိမ်တွင်ရှိနေစဉ် လှိုင်မြို့နယ်၊ (၅)ရပ်ကွက်၊ ဘူတာရုံလမ်းနှင့် (၁၁)လမ်းထိပ်ရှိ အမှတ် (၁၄)ဆိုက္ကားဂိတ်တွင် ဆိုက္ကားနင်းသူများဖြစ်ကြသည့် လှိုင်သာယာမြို့နယ်နေ ကိုစိုးမိုး (၃၄)နှစ်နှင့် ကိုအောင်မင်း (စိစစ်ဆဲ)တို့သည် ရေသန့်ဘူး အလှည့်ကျ သယ်ရန်ကိစ္စနှင့် စကားများရန်ဖြစ် ကြကြောင်း၊ ထိုသို့စကားများရန်ဖြစ်စဉ် ကိုစိုးမိုးမှ အသင့်ပါသောအရှည် (၈)လက်မခန့်ရှိ သံချောင်းဖြင့်ထိုး၍ ကိုအောင်မင်းမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့သွားရောက်ကြည့်ရှုရာ ကိုအောင်မင်းတွင် ၀ဲဘက်ရင်ညွန့်အောက်ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံး နေသည်ကိုတွေ့ရ၍ စိုးမိုးအား အရေးယူ ပေးရန် ၎င်းမှ တရားလိုပြုလုပ်တိုင်တန်း လာခဲ့ပါသည်။
တိုင်တန်းချက်အရ ပိတောက်ချောင်းနယ်မြေရဲစခန်း(ပ)၄၀၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

ဆိုက္ကားနင်းသူ အချင်းချင်း စကားများရန်ဖြစ်စဉ် သံချောင်းဖြင့်ထိုး၍ သေဆုံးမှုဖြစ်
Reviewed by သစ်ထူးလွင်
on
20:23
Rating: