လေယာဉ်ပျက်ကျ သေဆုံးသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

 ယူကရိန်းနဲ့ ​ရုရှားနိုင်ငံ ​နယ်စပ်မှာ ​ပစ်ချခံရတဲ့ ​မလေးရှားလေယာဉ်ပေါ် ​လိုက်ပါသွားတဲ့ ​သြစတြေးလျနိုင်ငံသားတွေအတွက် ​အောက်မေ့ဖွယ် ​အခမ်းအနားတွေ ​ကျင်းပကြပါတယ်။

ပစ်ချခံရတဲ့ ​မလေးရှား ​လေယာဉ်ပေါ်မှာ ​သြစတြေးလျနိုင်ငံသား ​၃၇ ​ယောက် ​လိုက်ပါသွားပြီး ​အဲဒီထဲက ​၁၈ ​ယောက်ဟာ ​မဲလ်ဘုန်းမြို့ရှိရာ ​ဗစ်တိုး ​ရီးယား ​ပြည်နယ် ​သားတွေ ​ဖြစ်ပါတယ်။

ဒီကနေ့ ​ကစပြီး ​ဝမ်းနည်းကြောင်း ​စာတမ်းတွေ ​ရေးသားနိုင်ဖို့ ​စာအုပ် ​တွေကို ​အစိုးရပိုင် ​ရုံးတွေမှာ ​ထားရှိ ​ပေးမှာ ​ဖြစ်ပါတယ်။

လာမယ့် ​ကြာသပတေးနေ့ ​မှာတော့ ​သေဆုံး ​သူတွေ ​အတွက် ​နိုင်ငံတော် ​ဈာပန ​အခမ်းအနား ​ကျင်းပပြု ​လုပ်ပေးမှာ ​ဖြစ်ပါတယ်။

ပစ်ချခံရတဲ့ ​လေယာဉ်ပေါ်မှာ ​သြစတြေးလျ ​နိုင်ငံသား ​၃၇ ​ယောက် ​လိုက်ပါ ​တဲ့အတွက် ​သြစတြေးလျ ​အစိုးရ ​ကလည်း ​ရုရှား ​အစိုးရကို ​ဝေဖန် ​သူတွေထဲမှာ ​တက်ကြွစွာ ​ပါဝင်နေပြီး ​မနေ့ည ​ညသန်းခေါင်ယံ ​ကျော်တဲ့ ​အချိန်အထိ ​စောင့်ဆိုင်းပြီး ​ရုရှားသမ္မတ ​ဘလာဒီမီယာ ​ပူတင်ကို ​တိုနီ ​အားဘော့တ်က ​ဖုန်းဆက် ​စကားပြော ​ဆိုခဲ့ပါတယ်။

ရုရှား ​သမ္မတနဲ့ ​ဘာတွေ ​ပြောဆိုခဲ့သလဲ ​ဆိုတာ ​ကိုတော့ ​မကြာခင်မှာ ​သိရမှာ ​ဖြစ်ပါတယ်။ ​တဆက်တည်းမှာပဲ ​သြစတြေးလျ ​နိုင်ငံက ​ခရီးသွား ​လာရေးဆိုင်ရာ ​ဝန်ကြီးကလည်း ​ယူကရိန်း ​နိုင်ငံမှာ ​ရောက်ရှိနေပြီး ​မလေးရှား ​နိုင်ငံက ​အဖွဲ့တွေနဲ့ ​တွေ့ဆုံမှု ​လုပ်ခဲ့သလို ​ယူကရိန်း ​အစိုးရနဲ့ ​နယ်သာလန် ​အစိုးရ ​တာဝန်ရှိ ​သူတွေနဲ့ ​တွေ့ဆုံ ​ခဲ့ပါတယ်။

မလေးရှား ​လေယာဉ် ​ပစ်ချခံရတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​ဗြိတိန်၊ ​အမေရိကန်၊ ​မလေးရှားနဲ့ ​နယ်သာလန် ​အစရှိတဲ့ ​နိုင်ငံတွေပါဝင်တဲ့ ​စုံစမ်းစစ်ဆေးရေး ​အဖွဲ့တစ်ဖွဲ့ ​ကိုလည်း ​ဖွဲ့စည်းခဲ့ပြီ ​ဖြစ်ပါတယ်။

လေယာဉ် ​ပျက်ကျသွားတဲ့ ​နေရာကို ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေက ​အပြည့်အဝ ​နေရာယူထား ​တဲ့အတွက် ​နိုင်ငံတကာ ​အဖွဲ့အစည်း ​အတွက် ​လုံခြုံရေး ​အာမခံ ​ပေးနိုင်မှာ ​မဟုတ်ဘူးလို့လည်း ​ယူကရိန်းအစိုးရက ​ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ ​နေရာကို ​သွားခွင့်မပြုတဲ့အပေါ် ​မလေးရှားက ​စိတ်ပျက်နေပြီး ​ကွယ်လွန်သူတွေရဲ့ ​အလောင်းကို ​အကုန်လုံးဖော်ထုတ်ပြီး ​ဆိုင်ရာကို ​ပြန်လည်သယ်ယူခွင့်ပေးဖို့ ​မလေးရှားအစိုးရက ​တောင်းဆိုနေပါတယ်။

တဆက်တည်းမှာပဲ ​လက်နက်ကိုင်အဖွဲ့အစည်းတွေက ​လေယာဉ်ပျံသန်းမှု ​မှတ်တမ်းတွေပါဝင်တဲ့ ​black ​box ​တွေကိုလည်း ​သိမ်းဆည်းလိုက်ပြီး ​ဒီလို ​သက်သေတွေ ​ပါဝင်တဲ့ ​black ​box ​ကို ​နိုင်ငံတကာ ​စုံစမ်းရေးအဖွဲ့ရဲ့လက်ထဲ ​အပ်နှံဖို့ ​မလေးရှားက ​တောင်းဆိုထားတဲ့အကြောင်း ​သြစတြေးလျနိုင်ငံ ​ခရီးသွားလာရေးဝန်ကြီးရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​ပါရှိပါတယ်။

လက်နက်ကိုင်အဖွဲ့ရဲ့ ​ခေါင်းဆောင်ကလည်း ​သိမ်းဆည်းထားတဲ့ ​ပစ္စည်းတွေကို ​နိုင်ငံတကာ ​စုံစမ်းရေးအဖွဲ့ရဲ့ ​လက်ထဲ ​အပ်နှံဖို့အတွက် ​ဒေါညက်စ်မြို့ကို ​ပို့ဆောင်ထားပြီလို့ ​တုန့်ပြန်ထားပါတယ်။

ယူကရိန်းနိုင်ငံ ​စံတော်ချိန် ​ကြာသပတေးနေ့မှာ ​မလေးရှားလေယာဉ် ​ပစ်ချခံရတာဖြစ်ပြီး ​လေယာဉ်ပေါ်လိုက်ပါသွားသူ ​လူပေါင်း ​၂၉၈ ​ယောက်စလုံး ​သေဆုံးခဲ့ရပါတယ်။

ပစ်ချခံရတဲ့လေယာဉ်ဟာ ​ရုရှားကိုထောက်ခံတဲ့ ​ခွဲထွက်ရေး ​သမားတွေရဲ့ ​လက်ချက်ဖြစ်နိုင်တယ်လို့ ​ယူဆနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-21/1345529


လေယာဉ်ပျက်ကျတဲ့နေရာမှာ တွေ့ရတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတစ်ဦး (Credit: Reuters) 

လေယာဉ်ပျက်ကျ သေဆုံးသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်  လေယာဉ်ပျက်ကျ သေဆုံးသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ် Reviewed by သစ်ထူးလွင် on 06:42 Rating: 5
Powered by Blogger.