လစ်ဗျားတိုက်ခိုက်မှု လူအသေပျောက်များ

 Libya နိုင်ငံ အရှေ့ပိုင်းက Benghazi မြို့မှာ စနေ့နဲ့ တနင်္ဂနွေ နေ့တွေက အစိုးရ တပ်ဖွဲ့တွေနဲ့ လက်နက် ကိုင် Islam စစ်သွေးကြွတွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး လူ ၃၈ ဦးမက သေဆုံး သွားရပါတယ်။

ထရီပိုလီ မြို့်တော်မှာလည်း မတည့်ကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်နေတဲ့ လေဆိပ်နားက နေအိမ်တအိမ် ဒုံးကျည်ထိမှန်ပြီး အီဂျစ်နွယ်ဖွား၂၃ ဦးသေဆုံး သွားရ တယ်လို့ အီဂျစ်အစိုးရ သတင်းဌာနက ပြောပါတယ်။ Libya နိုင်ငံမှာ ခေါင်းဆောင် Moammar Gadhafi ရာထူးကဖြုတ်ချခံရတဲ့ ၂၀၁၁ စစ်ပွဲကတည်းက စပြီး အခုဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုတွေ အဆိုးဆုံး အခြေအနေကို ရောက်နေပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ နဲ့ တူရကီနိုင်ငံတို့က သူတို့ရဲ့ ဝန်ထမ်းတွေကို Libya နိုင်ငံကနေ ရွှေ့ပြောင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဓနသဟာယရုံးတို့က သူတို့နိုင်ငံသားတွေ Libya နိုင်ငံကနေ ချက်ချင်းထွက်ခွာကြဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/more-than-50-killed-in-libya-attacks-/1966133.html


လစ်ဗျားတိုက်ခိုက်မှု လူအသေပျောက်များ  လစ်ဗျားတိုက်ခိုက်မှု လူအသေပျောက်များ Reviewed by သစ်ထူးလွင် on 01:47 Rating: 5
Powered by Blogger.