အထူးဒေသ ၄ အတွင်းရေကြီး ကျပ်ငွေ သန်းပေါင်းရာဂဏန်းပျက်စီးဆုံးရှုံး

ဂျူလိုင် ၁၀ ရက် ၂၀၁၄

 သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမြို့နယ် ဆီလူးဒေသအတွင်း တောင်ကျချောင်းရေကြီးမှု ကြောင့် လယ်ဧက ရာဂဏန်းနှင့်အတူ ဆုံးရှုံးမှုကျပ်ငွေသိန်းပေါင်း ရာဂဏန်းရှိသည်ဟု ဆိုသည်။

အထူးဒေသ ၄ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ ဆီလူးမြို့တွင် တောင်ကျချောင်းရေကြောင့် ရေလွှမ်း ရာ - ကား ၃ စီး၊ ဆိုင်ကယ် ၇၇ စီး၊ စပါး ခြွေလှေ့စက် ၄ ခု ၊ စပါးရိတ်စက် ၉ စီး၊ ထွန်စက် ၅ စီး၊ ဆန် စက် ၂ ရုံ၊ ဓါတ်မြေဩဇာ ၇၀၀ အိတ်တို့အပြင် နမ့်ဟူးချောင်းခြောက်ဘေး လယ်ဧက ၁၀၀ ကျော်မှ စပါးခင်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆီလူးဒေသ အရာရှိတဦးက ပြောသည်။

ချောင်းတလျှောက်နေ အိမ်များ ပျက်စီးဆုံးရှုံးမှုရှိသဖြင့် ကူညီကယ်ဆယ်ရေးအတွက် တပ်ရင်း ၃ ရင်း ပေးပို့ ခဲ့ရကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။

“အခုရေကျသွားပြီဒီနေ့။ ရေကြီးတာက နမ့်ဟူးချောင်းပေါ့။ တောင်ကျချောင်းရေကြောင့်လေ။ ဝမ့်ဝိန်း ဘက်နေ ဆွန်ကောင်းဘက်ကို ဆင်းလာတာ။ အဲဒီချောင်းဘေးတလျှောက်မှာဆို ဝမ့်ခါးရွာနဲ့ ဝမ့်ပါဆန့် ရွာတွေပေါ့ ဆုံးရှုံးမှုများတယ်။ ချောင်းဘေးလယ်တွေလည်းဆုံးရှုံးမှုများတယ် ” - ဟု ဆီလူးဒေသခံ စိုင်းယီနွဲ့ ကပြောသည်။

ဆုံးရှုံးမှုနှင့်ပတ်သက်၍ ဒေသခံများ ပြောကြားချက်အရ - ဆိုင်ကယ်အများစုသည် ထိုင်း ဆိုင်ကယ် များဖြစ်ကြောင်း ဆိုင်ကယ်တစီးကာလတန်ဖိုး ကျပ် ၁၀ သိန်းခန့်ရှိကြောင်း၊ တရုတ်ဆိုင်ကယ် တစီး ကျပ် သုံးသိန်းမှ ဆယ်သိန်းခန့်ရှိကြောင်း၊ တရုတ်ဘိလပ်မြေ တအိတ်ဈေး ယွမ်ငွေ ၁၅၀ ရှိကြောင်း၊ မြန်မာကျပ်ငွေ နှင့် နှိုင်းယှဉ်ပါက ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်ငွေသန်းပေါင်း ရာဂဏန်းရှိကြောင်း အုပ်ချုပ်ရေးအရာရှိတဦးက ပြောသည်။

ဆီလူးဒေသသည် အထူးဒေသ ၄ မိုင်းလားအုပ်ချုပ်ရေးအရ မြို့နယ်အဆင့်ထားရှိပြီး မြန်မာအစိုးရ အုပ်ချုပ်ရေးမှာမူ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်လက်အောက်ခံ (ဆီလူး) ကျေးရွာအုပ်စု အဆင့် သတ်မှတ်ထားသည်။ စိုင်းလင်း ဦးဆောင်သည့် အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့သည် နေပြည် တော်အစိုးရ နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်

http://burmese.panglong.org/news/93-2008-08-03-06-48-39/4800-2014-07-10-08-25-34.html



အထူးဒေသ ၄ အတွင်းရေကြီး ကျပ်ငွေ သန်းပေါင်းရာဂဏန်းပျက်စီးဆုံးရှုံး  အထူးဒေသ ၄ အတွင်းရေကြီး ကျပ်ငွေ သန်းပေါင်းရာဂဏန်းပျက်စီးဆုံးရှုံး Reviewed by သစ်ထူးလွင် on 16:23 Rating: 5
Powered by Blogger.