ယူကရိန်း အရှေ့ဘက်ဒေသက မလေးရှား လေယာဉ် ပစ်ချခံခဲ့ရတဲ့နေရာတွေကို စစ်ဆေးဖို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အရာရှိတွေ ဒီကနေ့ ထပ်ပြီး ကြိုးစားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီနေရာတွေမှာ ယူကရိန်းအစိုးရ တပ်ဖွဲ့တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေကြား အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။