ပယ်နယ်တီအဆုံးအဖြတ်နဲ့ အာဂျင်တီးနား ဖိုင်နယ်တက်

 ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားနဲ့ ဟော်လန်အသင်းတို့ဟာ အချိန်ပို မိနစ် ၃၀ ကစားတဲ့အထိ ဂိုးမရှိ သရေကျတာကြောင့် ပယ်နယ်တီ ကန်ရာမှာ အာဂျင်တီးနားဟာ ပယ်နယ်တီ ၄-၂ နဲ့ နိုင်ပြီး ဖိုင်နယ်တက်သွားပါပြီ။

အာဂျင်တီးနား ဂိုးသမား ဆာဂျီယို ရိုမီရိုဟာ ပယ်နယ်တီ ၂ လုံးကို ကာကွယ်ပေးနိုင်ခဲ့ပြီး အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအိပ်မက်လည်း ဆက်လက် ရှင်သန်သွားရပါတယ်။

တစ်ဘက်မှာတော့ ဟော်လန်အသင်းက ဂိုးသမား ယက်စပါ ဆေလက်ဆန်ဟာ အာဂျင်တီးနားရဲ့ ပယ်နယ်တီ သွင်းဂိုးတွေကို မကာကွယ်နိုင်ခဲ့ပါဘူး။ ဆေလက်ဆန်ဟာ အဆင့်မြင့်တန်း ဂိုးသမားဖြစ်ပြီးနောက် ဘယ်တုန်းကမှ ပယ်နယ်တီကို မကာကွယ်နိုင်ဘူးလို့ သိရပါတယ်။ ကွာတားဖိုင်နယ်မှာတုန်းကတော့ ဟော်လန် မန်နေဂျာ လူဝီဗန်ဟောလ်က ပယ်နယ်တီအချိန် မရောက်ခင်လေးမှာတင် ဂိုးသမား တင်မ်ကရူးလ်ကို လဲကစားစေခဲ့ပြီး တင်မ်က ပယ်နယ်တီ ၂ လုံး ကာကွယ်နိုင်လို့ ဟော်လန် ဆီးမီး တက်လာတာ ဖြစ်ပါတယ်။

အာဂျင်တီးနားဟာ တနင်္ဂနွေနေ့မှာ ဂျာမနီနဲ့ ဗိုလ်လုပွဲ ကန်ရမှာ ဖြစ်ပါတယ်။

ဘရာဇီးနဲ့ ဟော်လန်ကတော့ စနေနေ့မှာ တတိယနေရာလုပွဲအဖြစ် ဆက်ကန်ရဖို့ ရှိပါတယ်။

BBC Burmese

https://www.facebook.com/bbcburmese



ပယ်နယ်တီအဆုံးအဖြတ်နဲ့ အာဂျင်တီးနား ဖိုင်နယ်တက်  ပယ်နယ်တီအဆုံးအဖြတ်နဲ့ အာဂျင်တီးနား ဖိုင်နယ်တက် Reviewed by သစ်ထူးလွင် on 09:30 Rating: 5
Powered by Blogger.