ကမ္ဘာဒီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်က ကွယ်လွန်သွားခဲ့တဲ့ ဘုရင် သီဟာနုရဲ့ အရိုးအိုးကို ဖနွမ်းပင် မြို့တော် တဝိုက် လှည့်လည် ပြသ အပူဇော်ခံခဲ့ရာမှာ ပြည်သူ ထောင်သောင်းချီ အရိုအသေပေးခဲ့ကြပါတယ်။
ပြင်သစ် နိုင်ငံရဲ့ လက်အောက်ကနေ လွတ်လပ်ရေး ရအပြီး ကမ္ဘောဒီးယား နိုင်ငံကို ဘုရင် သီဟာနုက ဆယ်စုနှစ်ပေါင်း များစွာ ပဋိပက္ခတွေကြားက ဦးဆောင်ခဲ့ပြီး ငြိမ်းချမ်းရေး ရတဲ့အထိ ဆောင်ကျဉ်းပေးခဲ့ပါတယ်။
နိုင်ငံရဲ့ ဖခင်ကြီး အဖြစ် ကမ္ဘောဒီးယား ပြည်သူ အများအပြားက ကြည်ညို လေးစားကြတဲ့ ဘုရင် သီဟာနုကို နောက်ဆုံး အကြိမ် နှုတ်ဆက် ပူဇော်တဲ့ အခမ်းအနားတွေ ၃ရက်ကြာ ကျင်းပပြီးရင်တော့ ဘုရင် သီဟာနုရဲ့ အရိုးအိုးကို နန်းတော်ဝင်း အတွင်းမှာ ရှိတဲ့ စေတီတဆူမှာ ဌာပနာ ထားမှာ ဖြစ်ပါတယ်။
ဘုရင် သီဟာနုဟာ ၂၀၁၂ ခုနှစ်က သက်တော် ၈၉ နှစ် အရွယ်မှာ နတ်ရွာစံခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို ၃လကြာ ပြည်သူတွေကို ခင်းကျင်း ပြသထားခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/07/140711_cambodia_king_sihanouk_remains.shtml

![]() |
ဘုရင် သီဟာနုရဲ့ အရိုးအိုး လှည့်လည် အပူဇော်ခံစဉ်။ |
![]() |
ပြည်သူ ထောင်သောင်းချီ အရိုအသေ ပေးခဲ့ကြ |
ဘုရင် သီဟာနုရဲ့ အရိုးအိုး လှည့်လည် ပြသ အပူဇော်ခံ
Reviewed by သစ်ထူးလွင်
on
20:15
Rating: