ခရီးသည်တင်ယာဉ်မှ ရပ်ထားသောယာဉ်ကို နောက်မှ တိုက်မိခဲ့သဖြင့် (၄)ဦး ဒဏ်ရာရ

 ရန်ကုန်၊ ဇူလိုင် ၂၀

 ၁၉.၇.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန် အင်းစိန်မြို့နယ်၊ ပြည်လမ်းအတိုင်း စော်ဘွားကြီးကုန်းဘက်မှ (၈)မိုင်ဘက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း မိုးကျော်အောင် (၄၀)နှစ် မောင်းနှင်လာသော R--- ဒိုင်နာအဖြူရောင် (၇၉)ယာဉ်လိုင်း (သန်မြန်သူ)ခရီးသည်တင်ယာဉ်သည် ဆယ်မိုင်ကုန်းမှတ်တိုင်အနီး အရောက် လမ်း၏ယာဘက်ဘေးတွင်ရပ်ထားသော 3B---- ပါရာဒိုကိုယ်ပိုင် ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ပါရာဒိုယာဉ်မှာ အတိုက်ခံရသည့် အရှိန်ဖြင့် ဓါတ်တိုင်ကိုထပ်မံတိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်နှင့် ဓါတ်တိုင်ပျက်စီးပြီး ဒိုင်နာယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါခရီးသည် မ(၂)ဦး၊ ဓါတ်တိုင်အနီးတွင်ရှိနေသူ မ(၁)ဦးတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင် အတွင်း/ပြင်ပ လူနာများ (မစိုးရိမ်ရ)များအဖြစ် ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ မိုးကျော်အောင်အား အင်းစိန်မြို့မ ရဲစခန်းယာဉ် (ပ)၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



ခရီးသည်တင်ယာဉ်မှ ရပ်ထားသောယာဉ်ကို နောက်မှ တိုက်မိခဲ့သဖြင့် (၄)ဦး ဒဏ်ရာရ  ခရီးသည်တင်ယာဉ်မှ ရပ်ထားသောယာဉ်ကို နောက်မှ တိုက်မိခဲ့သဖြင့် (၄)ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 15:13 Rating: 5
Powered by Blogger.