အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ်က ရှေ့မှမောင်းနှင်နေသော ယာဉ်အား ၀င်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ ဇူလိုင် ၁၁
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၈/၀)နှင့်(၇၈/၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။
စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ အောင်နိုင်ဦး(၃၆)နှစ်မောင်းနှင်လာသော ၈ဈ/xxxx ““ရွှေစင်စင်္ကြာ”” ခရီးသည်တင်မှန်လုံယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဒဂုံမြို့နယ်နေ ဦးမောင်မောင်အေး(၅၀)နှစ်မောင်းနှင်နေသော BB/xxxx ပရိုဘောက် အဖြူရောင်ယာဉ်အား ၀င်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းမပေါ်၌ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် ဦးမောင်မောင်အေးမှာ ဦးခေါင်းငယ်ထိပ်ပိန်ချိုင့်ပေါက်ပြဲ၊ နဖူးပေါက်ပြဲ၊ နား/နှာခေါင်း/ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး BB/xxxx ပရိုဘောက်ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ကိုဝင်းနိုင်(၄၅)နှစ်တွင် ယာမျက်ခုံး/ယာပါး/နဖူးယာဘက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဖဒိုတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်နိုင်ဦးအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

““ရွှေစင်စင်္ကြာ”” နှင့် ပရိုဘောက် တိုက်မိ သေဆုံး/ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
18:49
Rating: