မန္တလေး(စ.ရ.ဖ)မှ မန္တလေးမြို့လယ်ခေါင် တည်းခိုခန်းတစ်ခုတွင် လက်နက်ငယ်နှင့် မူးယစ်ဆေးဝါးများ ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့
ဇူလိုင် -၂၃ ။
မန္တလေးမြို့လယ်ခေါင် ၈၂လမ်း၊ ၂၆-၂၇ လမ်းမှ တည်းခိုးခန်း တစ်ခုတွင် ယနေ့ ၁၂ နာရီကျော်ခန့်က စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တူးပူးပေါင်း၍ သတင်းကွင်းဆက်များဖြင့် လက်နက်နှင့် မူးယစ်ဆေးဝါးများကို ဖေါ် ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးရမိရာတွင် ကနဦးသတင်းများအရ မူးယစ်ဆေးဝါး အပြားပေါင်း ရာဂဏန်းဖြစ်ပြီး ပစ္စတိုကဲ့သို့ လက်နက်ငယ် တစ်ခု ကိုလည်း တွေ့ရှိခဲ့သဖြင့် တရားဥပဒေအရအရေးယူနိုင်ရေး အတွက်လုပ်ဆောင် နေပြီး၊ နောက်ဆက်တွဲ ကွင်းဆက်များ စစ်ဆေးဖေါ်ထုတ်ကာ လုပ်ဆောင်သွားမည်ဟုဆိုသည်။
" ရဲတပ်ဖွဲ့ရည်းမှန်းချက် တာဝန်အတိုင်းအကောင်အထည်ဖော်နေရတာဖြစ်ပါ တယ်၊စီမံချက်ရယ် လို့ မဟုတ် ပါဘူး၊ရတနာပုံ စီမံချက်နဲ့လည်း ပြီးခဲ့တဲ့လပိုင်းက လုပ်ဆောင်ခဲ့တာရှိတယ်။ မန္တလေးမြို့ထဲမှာ မူးယစ်ဆေးနဲ့ ပတ်သက်လို့ သတင်းတွေစုဆောင်းပြီး ရှာဖွေဖေါ်ထုတ်ဖမ်းဆီးနေတာပါ။” ဟု မန္တလေး တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။
မူးယစ်ဆေးရောင်းဝယ်ဖေါက်ကားရာလမ်းကြောင်းတွင် မန္တလေးမြို့သည် အလယ်ပိုင်းတွင်ရှိနေ၍ တရုတ်ပြည် ဘက်မှ မူဆယ်၊လာရှိုး၊ အိန္ဒိယဘက်မှ ကလေးတမူးလမ်းကြောင်းများအတိုင်း ဖြတ်သန်းသွားရာဖြစ်ရာ ဒေသြ ဖစ်နေကြောင်း ယင်းကဆက်လက်ပြောသည်။
လက်နက်နှင့် မူးယစ်ဆေးဝါများကို ၈၂လမ်းနှင့်တည်းခိုခန်းတစ်ခုတွင် ဖမ်းဆိးရမိခဲ့ကြောင်းကို အဆိုပါနယ်မြေရဲစခန်းမှတာဝန်ကျရဲအရာရှိ တစ်ဦးက အတည်ပြုဖြေကြားသည်။
အဆိုပါဆက်တိုက်ဖမ်းဆီးနေမှုသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ခိုင်မာသော သတင်းများရရှိမှု နှင့်အတူ နယ်မြေရဲတပ်ဖွဲ့များပူးပေါင်းကာ စုံစမ်းဖော်ထုတ်မှုများကြောင့် ယင်းကဲ့သို့ မူးယစ်ဆေးဝါးများကို စဉ်ဆက်မပြတ် ဖမ်းဆီးရမိနေခြင်းဖြစ်သည်။
အလားတူမူးယစ်ဆေးဝါးများဖမ်းဆီးဖေါ်ထုတ်နိုင်ရေးအတွက် နေပြည်တော် အပါအ၀င် မူးယစ်အထူးတပ်ဖွဲ့က ရတနာပုံစီမံချက်အဖြစ် မေလနှင့် ဇွန်လ တွင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ မူးယစ်ဆေး ၀ါးများ ရောင်း/၀ယ်သူ များကို ဆက်လက်ဖေါ်ထုတ်နေသည်ဟုဆိုသည်။
အောင်သန့်ခိုင်
Mandalay News Agency
https://www.facebook.com/mandalay.newsagency?fref=nf

Reviewed by သစ်ထူးလွင်
on
18:09
Rating: