ပခုက္ကူ မြို့နယ်မှာ ယာဉ် တိမ်းမှောက်၍ (၁၄)ဦး ဒဏ်ရာရ

 အရှိန်မထိန်းနိုင်သော ယာဉ် တိမ်းမှောက်၍ (၁၄)ဦး ဒဏ်ရာရ

နေပြည်တော်၊ ဇူလိုင် ၁၁

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူ မြို့နယ်၊ အုန်းတောကျေးရွာ အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကမ္မနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရေမျက်ကျေးရွာ ဘုရားပွဲမှ ချိုင်ကျေးရွာသို့ ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာနေ အောင်မြိုင်(၄၃)နှစ်မောင်းနှင် လာသော ၂က/xxxxဒိုင်နာယာဉ်သည် ကမ္မ-မြစ်ခြေကားလမ်းအတိုင်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၇/၂)အနီးသို့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်သို့တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၂၀)ဦးအနက် ပခုက္ကူမြို့နယ်၊ ကျတ်ထိုးကျေးရွာနေ ဦးလှဆွေ(၃၉)နှစ်ပါ ကျား ၅ ဦး၊ မ ၉ ဦး၊ စုစုပေါင်း(၁၄)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ကျပ်ပြည့်ကျေးရွာတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်မြိုင်အား ကမ္မနယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


ပခုက္ကူ မြို့နယ်မှာ ယာဉ် တိမ်းမှောက်၍ (၁၄)ဦး ဒဏ်ရာရ  ပခုက္ကူ မြို့နယ်မှာ ယာဉ် တိမ်းမှောက်၍ (၁၄)ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:49 Rating: 5
Powered by Blogger.