ယူကရိန်း နိုင်ငံအရှေ့ပိုင်းက ပစ်ချခံရတဲ့ မလေးရှား လေယာဉ် ပျက်ကျ နေရာ ပတ်ဝန်း ကျင်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ က တိုက်ပွဲ တွေ ပြင်းထန် နေလို့ နိုင်ငံ တကာ စောင့်ကြည့် လေ့လာသူတွေရဲ့ စုံစမ်း စစ် ဆေး ရေး လုပ်ငန်းတွေ ရှုပ်ထွေး ကုန်ပါတယ်။
အကျပ်အတည်း ကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂက ရုရှားအပေါ် စီးပွားရေးဒဏ် ခတ်ဖို့ ပြင်ဆင်နေ ပါတယ်။
တိုက်ပွဲတွေကြောင့် မလေးရှားလေယာဉ် MH17 ကို ဘယ်သူပစ်ချလဲဆိုတာ ဆုံးဖြတ်ဖို့ ကြိုးစားရာမှာ ရှုပ်ထွေးမှုတွေ ပိုတိုးလာတယ်။ ပျက်ကျတဲ့ပတ်ဝန်းကျင်ကို သက်ရောက်နိုင်တယ် လို့ နိုင်ငံတကာစောင့်ကြည့်သူတွေက ဇူလိုင် ၂၇ ရက်နေ့မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံတွင်း စောင့်ကြည့် နေတဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒုခေါင်းဆောင် အလက်ဇန်းဒါး ဟတ်ဂ်ကတော့ စောင့်ကြည့်သူတွေ ဇူလိုင် ၂၇ ရက်နေ့က လေယာဉ်ပျက်ကျရာနေရာကို သွားဖို့ ကြိုးစားခဲ့ပေမယ့် ရှက်စ်တော့ခ်မြို့နားမှာ မော်တာတွေ အမြောက်တွေနဲ့ ပစ်ခတ်နေတာ ကိုယ်တိုင်တွေ့လို့ လုံခြုံရေးစိုးရိမ်မှုကြောင့် ရပ်လိုက်တယ်လို့ ပြောပါတယ်။
ခွဲထွက်ရေးသမားတွေကတော့ လေယာဉ်ပျက်ကျရာ ၀န်းကျင်မှာ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းက ဒန်ညက်စ်နဲ့ လူဟန့်စ်ဒေသတွေအတွင်း ပိုကျယ်ပြန့်တဲ့ နေရာတွေ အနည်းဆုံး ၅ နေရာမှာတော့ ယူကရိန်းစစ်တပ်နဲ့ သူပုန်တွေ တိုက်ပွဲဆက်ဖြစ်နေပါတယ်။
ရုရှားလို ဂေါ်လော့ဗ်ကာလို့ သိတဲ့ ဟော်လစ်ဗ်ကာမြို့မှာ တိုက်ပွဲအတွင်း လူ ၁၃ ယောက် သေဆုံးတယ်လို့ ဒန်ညက်စ်ဒေသ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/61137

တိုက်ပွဲများကြောင့် ပစ်ချခံ မလေးရှားလေယာဉ်ကိစ္စ စုံစမ်းရေး အခက်ကြုံ
Reviewed by သစ်ထူးလွင်
on
16:01
Rating: