အစ္စရေးနဲ့ ပါလစ္စတိုင်း အကြား ပြေလည်မှုတွေ မရသေးတဲ့ အတွက် ဂါဇာကမ်းမြောင် ဒေသကို တိုးချဲ့ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ အစ္စရေးအစိုးရက ပြောပါတယ်။
အခုဆိုရင် ဒီလို တိုက်ခိုက် မှုတွေကြောင့် ပါလစ္စတိုင်းသား အယောက် ၈၀ သေဆုံးရပြီ ဖြစ်ပေမယ့် အစ္စရေး ဘက်က သေဆုံးမှုတွေ မကြားရသေးပါဘူး။
အစ္စရေးဘက်က ဝေဟင်ကနေ တဆင့် တိုက်ခိုက်မှုတွေ လုပ်လာတာ မနေ့က သုံးရက်မြောက်နေ့ ရှိသွားပြီ ဖြစ်ပါတယ်။ ပါလစ္စတိုင်း ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အစ္စရေးကို ပြန်လည် တိုက်ခိုက် နေပါတယ်။ တချို့ လက်နက် ကြီးတွေ ကတော့ ဂျေရုဆလင်မြို့နဲ့ Tel Aviv မြို့ကို ပစ်မှတ် ထားနေတယ်လို့ သိရပါတယ်။
အပစ်အခတ် ရပ်စဲမှု လုပ်လိုတယ် ဆိုရင် အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလစ္စ တိုင်းသားတွေကို လွတ်ပေးရမယ်လို့ ဟားမတ်စ်အဖွဲ့က တောင်းဆို ထားပါတယ်။ ဒီလို တောင်းဆိုမှုကို အစ္စရေး ဝန်ကြီးချုပ်က ပယ်ချ ထားပြီး ဒီလို အပေးအယူ လုပ်မယ့်အစား တိုက်ခိုက်မှုတွေ အရှိန်တိုးမြှင့် သွားမယ်လို့ တုန့်ပြန် ထားပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ အခုလို တိုက်ခိုက် မှုတွေကို ရှုတ်ချလိုက်ပြီး ဒီအတိုင်း ဆက်လက် လုပ်ဆောင်ကြ မယ်ဆိုရင် အဲဒီဒေသမှာ စစ်တွေအကြီးအကျယ် ဖြစ်လာနိုင်တယ်လို့ သတိပေးထားတဲ့အကြောင်း အေဘီစီသတင်းထောက် Hayden Cooper က ဂါဇာကနေ သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-11/1341808

အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာဘက်က ထိခိုက် သေကြေပျက်ဆီးမှု (Credit: AFP) |
အစ္စရေးနဲ့ ဂါဇာကြား တိုက်ခိုက်မှုကြောင့် ပါလစ္စတိုင်း ၈၀ ကျော် သေဆုံး
Reviewed by သစ်ထူးလွင်
on
09:28
Rating: