ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တခုတည်း လုပ်နေရုံနှင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်(ဦးစောသန်းမြင့်)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တခုထဲ လုပ်ရုံနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုံးဝ မဖြစ်နိုင်ဘူးလို့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)ပါတီ ဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်ဟာ ရွေးကောက်ပွဲ မဲဆွဲစည်းရုံးရေးအတွက် အခက်အခဲနဲ့ ကန့်သတ်ချက်တွေများလွန်းပြီး ပါတီတွေတင်ပြထားတဲ့ အချက်တွေကို လိုက်လျော ထားခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန် တလပဲ ခွင့်ပြုထားတာ ခွင့်ပြုချက်ကျမှ မဲဆွယ်စည်းရုံးခွင့်ရှိမှာ စတဲ့ အချက်တွေဟာလည်း တိုင်းရင်းသားပါတီတွေအဖို့ အခက်အခဲများစွာ ကြုံတွေ့ရနိုင်တယ်လို့ သုံးသပ် ပြောပါတယ်။
ဦးစောသန်းမြင့်ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းခဲ့ရာမှာ သူက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ တွေခဲ့တဲ့ ဇူလိုင် ၁ ရက်တုန်းက တင်ပြခဲ့တာတွေ အခုလို ပြောပြပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/60167
အသံဖိုင် အပြည်အစုံ နားဆင်ရန်

ဦးစောသန်းမြင့် |
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တခုတည်း လုပ်နေရုံနှင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်(ဦးစောသန်းမြင့်)
Reviewed by သစ်ထူးလွင်
on
16:57
Rating: