အိန္ဒိယတွင် ရွာသူကြီးအမိန့်နှင့် မုဒိမ်းကျင့်ခဲ့သည့်အမှု စစ်ဆေးရန် အမျိုးသား ၂ ဦးကို ဖမ်း

 အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာခန်ပြည်နယ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တယောက်ကို ရွာသူကြီးရဲ့ အမိန့်နဲ့ အိမ်နီးချင်းယောက်ျားက မုဒိမ်းကျင့်ခဲ့တဲ့အမှုကို စုံစမ်း စစ်ဆေးဖို့ အမျိုးသား ၂ ဦးကို ဖမ်းထားတယ်လို့ ရဲတွေက ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ပြောပါတယ်။

ဂျာခန်ပြည်နယ် ဘိုကာရိုခရိုင်က ဆွမ်ဂါဂူလာ ဒီဟူရာရွာကောင်စီခေါင်းဆောင်က ဖိအားကြောင့် လိုက်နာရတဲ့အမိန့် ပေးခဲ့လို့ ဇူလိုင် ၈ ရက်နေ့က ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း ရဲက ပြောပါတယ်။

မိန်းကလေးရဲ့ အကိုက အမျိုးသမီးတယောက်ကို လက်ရောက်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရအပြီး မုဒိမ်းမှုကို လက်စားချေဖို့ တန်ပြန်မုဒိမ်းကျင့်ဖို့ ရွာခေါင်းဆောင်က အမိန့်ချခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုကြောင့် မုဒိမ်းကျင့်သူနဲ့ ရွာခေါင်းဆောင်ကို ဖမ်းပြီးပြီလို့ ရဲက ဆိုပါတယ်။

မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံရသူအမျိုးသားနဲ့ သူရဲ့ ဇနီးသည်တို့ ၂ ဦး အတူတူ အိမ်ရောက်လာပြီး ဇနီးသည်က ဆွဲခေါ်ပြီး သူခင်ပွန်းသည်ကို မုဒိမ်းကျင့်ခိုင်းတာလို့ မိန်းကလေးက ပြောပါတယ်။

ဇနီးသည်ကလဲ မိန်းကလေးရဲ့အကိုက သူကို မုဒိမ်းကျင့်ခဲ့လို့ သူခင်ပွန်းသည်က လက်စားချေတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလဲ ဥတြာပရာဒေ့ရှ်ပြည်နယ်မှာ မိန်းကလေး ၂ ယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့်ပြီး ကြိုးဆွဲချသတ်မှု ဖြစ်ခဲ့ပါသေးတယ်။

ဇန်န၀ါရီလကတော့ အနောက်ဘန်ဂေါပြည်နယ် ကျေးလက်ဒေသမှာ ရွာတရားရုံးရဲ့ အမိန့်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60155


အိန္ဒိယတွင် ရွာသူကြီးအမိန့်နှင့် မုဒိမ်းကျင့်ခဲ့သည့်အမှု စစ်ဆေးရန် အမျိုးသား ၂ ဦးကို ဖမ်း  အိန္ဒိယတွင် ရွာသူကြီးအမိန့်နှင့် မုဒိမ်းကျင့်ခဲ့သည့်အမှု စစ်ဆေးရန် အမျိုးသား ၂ ဦးကို ဖမ်း Reviewed by သစ်ထူးလွင် on 18:33 Rating: 5
Powered by Blogger.