ပန်းခြံလမ်းတွင် ယနေ့ ရေမြုပ်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ဖိုးသဲ) |
အထူးသဖြင့် ကျောင်းသွား ကျောင်းပြန် ကလေးငယ်များနှင့် ဆိုင်ကယ်စီး ခရီးသွားများ အတွက် အထူး စိုးရိမ်စရာ ဖြစ်နေသည်ဟု စစ်တွေမြို့ခံများက ပြောသည်။
ယနေ့ နံနက်က မိုးအနည်းငယ် ရွာသွန်းပြီးနောက် ဒီရေတက်ချိန်တွင် စစ်တွေမြို့မှ မြေနိမ့်ပိုင်း ရပ်ကွက် များနှင့် လမ်းများကို ရေများ လျှံတက်လာပြီး ယခုလို ရေမြုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
ငပိန်လမ်းတွင် ယနေ့ ရေမြုပ်နေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ဖိုးသဲ) |
ယင်းပြင် စစ်တွေမြို့တွင် တည်ဆောက်ထားသော လမ်းများကို အနည်းငယ်မြင့်ပြီး တည်ဆောက်ရန် လိုကြောင်း၊ သို့မဟုတ်ပါက နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ယခုလို ရေမြုပ်ခြင်းကို ကြုံရမည် ဖြစ်သည်ဟု စစ်တွေ ဒေသခံများက ပြောဆိုသည်။
သက်ဆိုင်ရာ စည်ပင်အပါအ၀င် တာဝန်ရှိသူများက ယခု စစ်တွေမြို့တွင် ကြုံတွေ့နေရသော မိုးရွာတိုင်း ရေမြုပ်နေသော ပြသနာကို မဖြေရှင်းပါ ယခုထက် မိုးကြီးပြီး ဒီရေတက်သောနေ့တွင် ပိုမိုရေနစ်မြုပ်နိုင်သည်ဟု ဆိုသည်။
ယခင်က စစ်တွေတွင် ယခုကဲ့သို့ မြို့ထဲလမ်းများထိ ရေလျှံပြီး ရပ်ကွက်များ၊ လမ်းများ ရေမြုပ်ခြင်းမှာ မရှိသလောက် နည်းပါးသည်ဟု စစ်တွေ ဒေသခံများက ဆိုသည်။
(နိရဉ္စရာ- ၁၂ ဇူလိုင်လ ၂၀၁၄)
http://www.narinjara.com/burmese/?p=11103
စစ်တွေမြို့ လမ်းအများအပြား ရေမြုပ်
Reviewed by သစ်ထူးလွင်
on
18:27
Rating: