ကော့သောင်း မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ (၆၇) နှစ်မြောက် အာဇာနည်နေ့ လွမ်းသူပန်းခွေချ အလေးပြု

 ဇူလိုင် ၁၉ ရက်

 ကော့သောင်း မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ (၆၇) နှစ်မြောက် အာဇာနည်နေ့ လွမ်းသူပန်းခွေချ အလေးပြု အခမ်းအနားကို ကော့သောင်းမြို့ ၊ ပိတောက်ရွှေဝါ ရပ်ကွက် ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ် ရှေ့တွင် နံနက် (၈) နာရီ ကပြုလုပ်ကြသည်။

 အစီအစဉ်တွင် ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ဇူလိုင် ၁၉ ရက်နံနက် ပိုင်း က NLD ရုံးတွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များ အားရည်စူး ၍ သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ကြသည်။

 ဆက်လက်၍ အဖွဲ့ဝင်အင်အား (၁၃၀) ဦးခန့် မိမိတို့ NLD ရုံး စုရပ် မှ မြို့တစ်ပတ် လမ်းလျှောက် ချီတက် ပြီး ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ် ရှေ့တွင် လွမ်းသူပန်းခွေချ အလေးပြုကြ ရာ အစီအစဉ် များအဖြစ် နိုင်ငံတော် နှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။ ယင်းနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယက ဦးတင်ဦးထံမှ ပေးပို့ သည့် ပန်ကြားလွှာအား ကော့သောင်းမြို့နယ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  ဥက္ကဌ ဦးသက်နိုင် မှ ဖတ်ကြားသည်။

 ဆက်လက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ မြို့နယ်ရုံးတွင် ကဗျာရွတ်ဆိုခြင်း ၊ ဆောင်းပါးများ ဖတ်ကြားခြင်း အခမ်းအနား ကို ဆက်လက်ကျင်းပ ပြီး နံနက် (၁၀း၃၇) နာရီတွင် NLD ရုံးရှေ့တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲ အလေးပြု ခဲ့ကြကြောင်း သိရသည်။

ကော့သောင်းသတင်းသမား

BY THIT HTOO LWIN




ကော့သောင်း မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ (၆၇) နှစ်မြောက် အာဇာနည်နေ့ လွမ်းသူပန်းခွေချ အလေးပြု  ကော့သောင်း မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ (၆၇) နှစ်မြောက် အာဇာနည်နေ့ လွမ်းသူပန်းခွေချ အလေးပြု Reviewed by သစ်ထူးလွင် on 15:03 Rating: 5
Powered by Blogger.