မြင်းခြံ ဇူလိုင် ၁၁
မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာအုပ်စု မြို့မရပ်ကွက်တွင် ရှေးဟောင်း စေတီ တစ်ဆူအား ပြုပြင်ရန်အတွက် သစ်ပင်များ ရှင်းလင်းရာမှ ရှေးဟောင်း ပစ္စည်းဟု ယူဆရသော ပစ္စည်းများ တွေ့ရှိခဲ့သည်။
တွေ့ရှိရသော ရှေးဟောင်းပစ္စည်း ခုနစ်မျိုးကို လောကမဉ္ဇူဘုရား၏ အနောက်တောင်ဘက် ရင်ပြင်တော်ပေါ်တွင်ပေါက်နေသော သစ်ပင်အား ဖယ်ရှားရှင်းလင်းရာမှ တွေ့ရှိရခြင်းဖြစ်သည်။
ရှေးဟောင်းပစ္စည်းများတွင် ဖွားတော်မူခန်း၊ တောထွက်တော်မူခန်း၊ ပဉ္စဝဂ္ဂီငါးဦးအား တရားဟောတော်မူခန်း၊ ဗောဓိပင်နှင့် ရွှေပလ္လင်အောင်တော်မူခန်း၊ မတ်ရပ်ဗျာဒိတ်ပေးဟန်၊ကျောင်းဆောင်တစ်ခုနှင့် အခြားပစ္စည်းတစ်ခုတို့ပါဝင်သည်။
ထိုရှေးဟောင်းပစ္စည်းများကို ကျေးရွာသံဃမဟာနာယကဆရာတော်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံရဲကင်းမှ တာဝန်ယူစောင့်ရှောက်ထားကြောင်း သိရှိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ရှေးဟောင်းပစ္စည်းဟု ယူဆရသော ပစ္စည်းများတွေ့ရှိ
Reviewed by သစ်ထူးလွင်
on
18:43
Rating: