ကျောင်းကားနှင့် ကုန်တင်ကားတိုက်

 ရန်ကုန် ဇူလိုင် ၁၈

 ဇူလိုင် ၁၈ရက် နံနက် ၇ နာရီခွဲခန့်က အလုံမြို့နယ် သစ်တောလမ်းထိပ် ကွန်ကရစ်လမ်း သစ်ကြီး ပေါ်၌ ကျောင်းကား ငယ်တစ်စီးနှင့် ကုန်တင်တီအီး ဟီးနိုးယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ရပ်ကွက်အတွင်းမှ ကျောင်းသား ကြိုပြီး ထွက်လာသော Toyota ၈င/----မှာ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ပေါ်အရောက်၌ မြောက်မှတောင်သို့ မောင်းနှင်လာသည့် 4A/------တီအီးဟီးနိုး ကုန်တင်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ကြသည်။

ကြေမွပျက်စီး
========

ယာဉ်တိုက်မှုကြောင့် တီအီးရှေ့ဘန်ဘာမှာ ကောက်ဝင်သွားပြီး ကျောင်းကား၏ ဘယ်ဘက်ရှေ့ ဦးခေါင်းပိုင်းအခြမ်း အနည်းငယ်ပျက်စီးသွားပြီး ကားတံခါးမှန်များ ကြေမွပျက်စီးသွားခဲ့သည်။

ကျောင်းကားပေါ် လိုက်ပါလာသည့် ကျောင်းသားကျောင်းသူများကို အနီးဝန်းကျင်မှသူများက အကူအညီပေးခဲ့ကြပြီး သက်ဆိုင်ရာ မိဘ၊ ကျောင်း များသို့ အကြောင်းကြားပေးခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ကျောင်းသား ကျောင်းသူလေးများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

ကိုကြီးတင်

The Mirror Daily
https://www.facebook.com/TheMirrorDaily


ကျောင်းကားနှင့် ကုန်တင်ကားတိုက်  ကျောင်းကားနှင့် ကုန်တင်ကားတိုက် Reviewed by သစ်ထူးလွင် on 15:24 Rating: 5
Powered by Blogger.