တရုတ် လုံခြုံရေး အကြီးအကဲဟောင်းကို စစ်ဆေးပြီ

 တရုတ်နိုင်ငံမှာ တချိန်က သြဇာ ကြီးမားခဲ့တဲ့ လုံခြုံရေး ဆိုင်ရာ အကြီးအကဲ ဇူယောင်ကင် Zhou Yongkang ကို အဂတိ လိုက်စားမှု စွဲချက်နဲ့ တရားဝင် စတင် စုံစမ်း စစ်နေပြီလို့ တရုတ် အစိုးရက ပြောပါတယ်။

သူဟာ တရုတ်နိုင်ငံ ကွန်မြူနစ် ပါတီ အာဏာရပြီး နောက်ပိုင်းမှာ အဂတိ လိုက်စားမှု စွဲချက်နဲ့ စစ်ဆေးခံရတဲ့ အဆင့် အမြင့်ဆုံး အရာရှိလည်း ဖြစ်ပါတယ်။

တရုတ် နိုင်ငံပိုင် သတင်းတွေမှာတော့ သူဟာ ကြီးလေးတဲ့ စည်းကမ်း ချိုးဖောက်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးခံနေရတာလို့ ဖော်ပြထားပါတယ်။

Mr Zhou ရဲ့ အနီးကပ် အကြံပေးတွေနဲ့ မိတ်ဆွေတွေ အတော်များများကို အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ မနှစ်က စုံစမ်း စစ်ဆေးမှုတွေ စတင် လုပ်ခဲ့ပြီး ကတည်းက သူ့ကိုလည်း နေအိမ် အကျယ်ချုပ် ချထားခဲ့တယ်လို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/07/140729_china_zhou_corruption.shtml

 မစ္စတာဇူကို လအတော်ကြာ ကတည်းက အကျယ်ချုပ် ချထားခဲ့တယ်လို့ သတင်းထွက်

တရုတ် လုံခြုံရေး အကြီးအကဲဟောင်းကို စစ်ဆေးပြီ  တရုတ် လုံခြုံရေး အကြီးအကဲဟောင်းကို စစ်ဆေးပြီ Reviewed by သစ်ထူးလွင် on 21:08 Rating: 5
Powered by Blogger.