ရန်ကုန်၊ ဇူလိုင် ၁၂
၁၁.၇.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် သာကေတမြို့နယ်၊ စက်မှုလက်မှု ရပ်ကွက်၊ မြန်မာ့ ဂုဏ်ရည်လမ်း အတိုင်း သာကေတမြို့နယ်နေ ယာဉ်မောင်း အေးသန်း(၂၈)နှစ် မောင်းနှင်လာသော ၃စ/--- ဒိုင်နာအဖြူရောင် ကိုယ်ပိုင်ယာဉ်သည် လမ်းဘေးတွင်ရပ်နားထားသော ၅ခ/---နီဆန်းဒီဇယ်(၂၂)ဘီး အငှားယာဉ်ကို နောက်ဘက်မှဝင်ရောက်တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ၃စ/---ယာဉ်မောင်းဖြစ်သူ အေးသန်းမှာ နဖူးပေါက်ပြဲဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အေးသန်း(သေဆုံး)အား သာကေတနယ်မြေ ရဲစခန်းယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

ရပ်ထားသောယာဉ်ကို ၀င်ရောက်တိုက်မိသူ ယာဉ်မောင်းသေဆုံး
Reviewed by သစ်ထူးလွင်
on
18:19
Rating: