ကြေးနီစီမံကိန်းနယ်မြေ ပဋိပက္ခ ရွာသားများကို အရေးယူမည်

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း မိုးကြိုးပြင်ရွာနားက ခြံစည်းရိုးခတ် ထားတဲ့ နေရာမှာ မနေ့က ဒေသခံ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံ ရွာသားတွေကို အမှုဖွင့် အရေးယူ သွားမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း နယ်စပ်လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က RFA ကို ပြောပါတယ်။

"ရွာသားတွေက လေးခွနဲ့ ကျောက်ဒိုးနဲ့ ပစ်တဲ့ အခါကျတော့ ကျောက်ခဲဆိုတော့ နာတာပေါ့နော် ၊ လက်သီးဆုပ်အရွယ် ကျောက်ခဲတွေက အဲ့ဒီ မှာပေါတဲ့အခါကျတော့ တချို့ဆို ရင် လျှော်ကျောက် လို ကျောက်ခဲတွေနဲ့ ပစ်တဲ့ အခါကျတော့ခေါင်းတွေဘာတွေကွဲ ပြီးတော့ သွေးထွက်သံယိုတွေဖြစ်ပြီးတော့ ၂ ချက်ချုပ်ရတဲ့သူတွေနဲ့ နဖူးတည့်တည် မှန်တဲ့သူတွေနဲ့ လက်နက်တွေဘာတွေပါပြီးတော့ လုပ်တယ်ဆိုတော့ ဒါတရားဥပဒေနဲ့ မညီဘူးလေ၊ ကျနော်တို့ မှတ်တမ်းတင်ထားတယ်၊ အမှုဖွင့်ရမှာပေါ့"

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ အတွင်း မိုးကြိုးပြင်ရွာ နဲ့ ဆည်တဲဇီးတောရွာဟောင်းက ခြံစည်းရိုးခတ်ထားတဲ့အနားမှာ မနေ့က ဒေသခံ တစ်ရာလောက်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ရှစ်ဆယ်လောက် စီမံကိန်းနယ်မြေမှာ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။

အဲ့ဒီပဋိပက္ခကြောင့် ဒဏ်ရာရခဲ့တဲ့ လုံခြုံရေးအဖွဲ့ဝင် ဆယ်ဦးလောက်ရှိမယ်လို့လည်း သိရ ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ကြေးနီစီမံကိန်းနယ်မြေ ပဋိပက္ခ ရွာသားများကို အရေးယူမည်  ကြေးနီစီမံကိန်းနယ်မြေ ပဋိပက္ခ ရွာသားများကို အရေးယူမည် Reviewed by သစ်ထူးလွင် on 19:49 Rating: 5
Powered by Blogger.