အိုင်အက်စ်အိုင်အယ်လ်တပ်တွေကို ထောက်ခံရန်စည်းရုံးနေသည့် သြစတြေးလျနိုင်ငံသားကို ဖမ်းဆီး

 အီရတ်နဲ့ ဆီးရီးယားနိုင်ငံက အိုင်အက်စ်အိုင်အယ်လ်တပ်ဖွဲ့တွေကို ထောက်ခံဖို့ စည်းရုံးမှုတွေ လုပ်နေတဲ့ သြစတြေးလျနိုင်ငံသား တဦးကို ဖိလစ်ပိုင်ရဲတွေက ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း တိုက်ခိုက်ရေးမှုတွေနဲ့ အရှေ့တောင်အာရှဒေသက မွတ်စလင်စစ်သွေးကြွ တွေကို ချိတ်ဆက်တဲ့ ပထမဆုံးဖမ်းဆီးမှုလို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့သူဟာ အစ္စလာမ်ဘာသာကို ပြောင်းလဲ သက်ဝင် ယုံကြည်ခဲ့သူ ဖြစ်ပြီး မနက်အာရုံတက်ချိန် သြစတြေးလျရဲတွေနဲ့ ဖိလစ်ပိုင်ရဲတွေက သူ့ရဲ့တိုက်ခန်းကို ၀င်ရောက် စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကလည်း ဒီအရေးမှာ စိုးရိမ်ပူပန်နေတာကြောင့် ကျနော်တို့နဲ့အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်လို့ အဆင့်မြင့်ဖိလစ်ပိုင်ရဲအရာရှိတဦးက ပြောဆိုပါတယ်။

သြစတြေးလျနိုင်ငံသားဟာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာပြီး အင်တာနက် လူမှုကွန်ရက်တွေကို သုံးပြီး အစ္စလာမ်မစ်တိုက်ခိုက်ရေးတပ်ဖွဲ့တွေအတွက် စစ်သား စုဆောင်းမှုတွေ၊ ဖိလစ်ပိုင်တောင်ပိုင်း ကျွန်းတွေဆီ သွားပြီး အစွန်းရောက်တရားတွေ ဟောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီး ထိန်းသိမ်းထားတဲ့သူကိုတော့ သြစတြေးလျအစိုးရထံ ပြန်အပ်မယ်လို့လည်း ဖိလစ်ပိုင်ရဲအရာရှိကြီးက ပြောဆိုပါတယ်။

ဆီးရီးယားနိုင်ငံကနေ အီရတ်နိုင်ငံထဲမှာပါ ဆွန်နီသူပုန်တပ်တွေ အင်အားကောင်းချိန်မှာ အင်တာနက်ကို သုံးပြီး ပုံစံသစ်တမျိုးနဲ့ အကြမ်းဖက်လုပ်ငန်းတွေအတွက် စစ်သားသစ် စုဆောင်းမှုကို သြစတြေးလျနဲ့ အရှေ့တောင်အာရှနိုင်ငံအာဏာပိုင်တွေပါ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ

http://burmese.dvb.no/archives/60132


အိုင်အက်စ်အိုင်အယ်လ်တပ်တွေကို ထောက်ခံရန်စည်းရုံးနေသည့် သြစတြေးလျနိုင်ငံသားကို ဖမ်းဆီး  အိုင်အက်စ်အိုင်အယ်လ်တပ်တွေကို ထောက်ခံရန်စည်းရုံးနေသည့် သြစတြေးလျနိုင်ငံသားကို ဖမ်းဆီး Reviewed by သစ်ထူးလွင် on 22:28 Rating: 5
Powered by Blogger.