အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့အတွက် လူ ၁၉ ဦးလောက် သေဆုံးပြီး အယောက် ၁၅၀ ကျော် ပိတ်မိနေဆဲ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပိတ်မိသူတွေကို ကယ်ဆယ်ဖို့ အရေးပေါ် ကယ်ဆယ်ရေး သမားတွေ လုပ်ဆောင် နေကြပြီ ဖြစ်ပါတယ်။
Pune ပူးနာ ခရိုင် အတွင်းက ကျေးရွာ တရွာလုံး မြေအောက် ရောက်ရှိ သွားတာ ဖြစ်ပါတယ်။
မိုးရာသီ အတွင်း မိုးသည်းထန်စွာ ရွာသွန်း ပြီးနောက် တောင်ကုန်းပေါ်က မြေတွေ ပြိုကျပြီးနောက် တောင်အောက်က ရွာတရွာလုံးကို ဖုံးလွှမ်းသွားတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-31/1350422

ဇူလိုင်လ ၃၀ရက်နေ့မှာ ဖြစ်ခဲ့တဲ့ မြေပြိုမှု (Credit: AFP) |
အိန္ဒိယမှာ မြေပြိုမှုကြောင့် သေဆုံးသူ ၁၅၀ ထိရောက်ရှိနိုင်
Reviewed by သစ်ထူးလွင်
on
06:45
Rating: