အငှားယာဉ်မှ ခရီးသည်တင်ယာဉ်အား ၀င်ရောက်တိုက်မိ၍ ၁၆ ဦးဒဏ်ရာရ

 နေပြည်တော်၊ ဇူလိုင် ၂၀

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ည ၆ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပဲခူးကားလမ်းအတိုင်း အရှေ့မှအနောက်သို့ လှည်းကူးမြို့နယ်၊ သနပ်ပင် ကျေးရွာနေ မင်းဇော်ဦး(၃၂)နှစ်မောင်းနှင်လာသော ၉င/xxxx““၇၇၇”””ဖောအငှားယာဉ်သည် အမှတ်(၃) လမ်းဆုံသို့အရောက် ၀ဲဘက်သို့ချိုးကွေ့မောင်းနှင်စဉ် မျက်နှာချင်းဆိုင်အတိုင်း ပဲခူးမြို့နယ်၊ သနပ်ပင် ကျေးရွာနေ ထွန်းဇော်နိုင်(၃၃)နှစ်မောင်းနှင်လာသည့် အမှတ်(၅)ခရီးသည်တင်ယာဉ်လိုင်းမှ P/xxxx ဟိုင်းလတ်ယာဉ်အား ၀င်ရောက်တိုက်မိပြီး ရှေ့တွင်ရပ်ထားသည့် ၃၃ယ/xxxxxဆူဇူကီးဆိုင်ကယ်အား ဆက်လက်တိုက်မိခဲ့သည်။

 ထိုသို့တိုက်မိမှုကြောင့် P/xxxxဟိုင်းလတ်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် လှည်းကူးမြို့နယ်၊ ပြည်တော်(၁)ရပ်ကွက်နေ ကိုရဲနောင်စိုး(၃၀)နှစ်ပါ ကျား ၁၁ ဦး၊ မ ၅ ဦး၊ စုစုပေါင်း(၁၆)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် လှည်းကူးဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ မင်းဇော်ဦးအား ထောက်ကြန့်နယ်မြေရဲစခန်း ယာဉ်(ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


အငှားယာဉ်မှ ခရီးသည်တင်ယာဉ်အား ၀င်ရောက်တိုက်မိ၍ ၁၆ ဦးဒဏ်ရာရ  အငှားယာဉ်မှ ခရီးသည်တင်ယာဉ်အား ၀င်ရောက်တိုက်မိ၍ ၁၆ ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 02:07 Rating: 5
Powered by Blogger.