စက္ကူစက်ရုံ အလုပ်သမားတစ်ဦး သန့်ရှင်းလုပ်ရာမှ ဓါတ်လိုက်သေဆုံး

 ရန်ကုန်၊ ဇွန် ၂၃

၂၂.၇.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကောင်းထက်ဦး၊ (၁၉)နှစ်ဖြစ် ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စက်မှုဇုန်ရှိ စက္ကူစက်ရုံတွင် အလုပ် လုပ်ကိုင်သူဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်က စက်ရုံ၌ သန့်ရှင်းရေး ပြုလုပ်နေစဉ် သံဖြတ်စက်သို့သွယ်တန်းထားသော ကြမ်းပြင်၌ ကျနေသည့် ၀ါယာကြိုး၏ ပေါက်နေသောနေရာကို နင်းမိရာမှ ဓါတ်လိုက်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၇/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf

ဓါတ်ပုံ - အင်တာနက် 

စက္ကူစက်ရုံ အလုပ်သမားတစ်ဦး သန့်ရှင်းလုပ်ရာမှ ဓါတ်လိုက်သေဆုံး  စက္ကူစက်ရုံ အလုပ်သမားတစ်ဦး သန့်ရှင်းလုပ်ရာမှ ဓါတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 15:08 Rating: 5
Powered by Blogger.