ရန်ကုန် ဇူလိုင် ၁၁
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး အနောက်ရပ်ကွက် အုန်းပင်လမ်း အမှတ် ၃၄ -ငါးလွှာ ဧည့်ခန်း တွင်ထားသည့် ကျွန်းဗီရိုအတွင်းမှ စုစုပေါင်း ရွှေအလေးချိန် ၃ဝ ကျပ် သားခန့်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ (ငွေကျပ် ၂၁၈ သိန်းကျော်) ပျောက် ဆုံးမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။
ဒေါ်သင်းသင်းခိုင်၏ မိခင်ဖြစ်သူ ဒေါ်ကြည်မြက ဇူလိုင် ၈ ရက် မွန်းတည့် ၁၂ နာရီတွင် ဗီရိုကို ဖွင့်ကြည့်ရာမှ ဗီရိုအတွင်း၌ ပလက် တီနမ်ဆွဲကြိုးတစ်ကုံး၊ စိန်လော့ကတ် တစ်ခု၊ ငွေကျပ်သိန်း ၄ဝ သာရှိပြီး ခြောက်လက်မခန့်အရွယ် ပန်းရောင် အိတ်(အကြည်)ဖြင့် ထည့်ထားသော ရွှေထည်ပစ္စည်းမျိုးစုံ (ရွှေအလေးချိန် စုစုပေါင်း ၃ဝ ကျပ်သားခန့်) ငွေ တန်ဖိုးအားဖြင့် ကျပ် ၂၁၈၇ဝဝဝဝ ကျော်မှာ ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။
ဗီရိုတံခါးမှာလည်း ခြေရာလက်ရာ မပျက်သည့်အတွက် မိသားစုဝင်များ ကို မေးကြည့်ရာဇူလိုင်၅ရက်မွန်းတည့် ၁၂ နာရီခန့်မှ ညနေ ၃ နာရီအထိ သမီးဖြစ်သူ မသင်းသင်းခိုင်၏သူငယ်ချင်း မအိအိခိုင် လာသွားကြောင်း၊ မအိအိခိုင်မှာ ငွေကြေးလာရောက် ချေးငှားဖူးသူဖြစ်ပြီး ယခုအခါငွေကြေး အသုံးအစွဲများနေကြောင်း စုံစမ်းချက် များအရ ကြည့်မြင်တိုင်မြို့မရဲတပ်ဖွဲ့ တွင် မသင်းသင်းခိုင်က အမှုဖွင့်လာ ရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အမှုကို လက်ခံပြီး ကြည့်မြင်တိုင်မြို့မရဲစခန်းမှ အမှုစစ်ရဲအုပ် ဖြိုးဝေမင်းနှင့်အဖွဲ့သည် အနောက် ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲတပ်ကြပ် ဇော်ဝင်းခိုင်၊ ရဲတပ်ကြပ် အောင် အောင်မြင့်ဝင်းတို့ အဖွဲ့နှင့်ပူးပေါင်း၍ ဈေးကြီးအနောက်ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ခိုင်တို့ နှင့်အတူ ဇူလိုင် ၉ ရက်က မအိအိခိုင် နေထိုင်သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း မြို့နယ်)အမှတ်(၁၂)ရပ်ကွက်သို့ သွား ရောက်ရှာဖွေခဲ့ရာ ည ၈ နာရီခွဲခန့် တွင် မအိအိခိုင်ကို ဖမ်းဆီးနိုင်ခဲ့သည်။
ထိုမှ မအိအိခိုင်နေထိုင်ရာ အိမ်အတွင်းသို့ သက်သေများနှင့်အတူ ရှာဖွေခဲ့ရာ ခိုးယူသွားခဲ့သော ရွှေထည်ပစ္စည်းအား ပြန်လည်သိမ်းဆည်း နိုင်ခဲ့သည်။
ကျန်ရှိနေသေးသော ရွှေထည်ပစ္စည်းများကို အမြန်ဆုံး ပြန်လည် သိမ်းဆည်းနိုင်ရေးအတွက် ရဲအုပ် ဖြိုးဝေမင်းနှင့်အဖွဲ့က ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ကြည့် မြင်တိုင်မြို့မ ရဲတပ်ဖွဲ့ထံမှ သိရ သည်။
ဘော်ဂါသွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ကြည့်မြင်တိုင်မှ ရွှေထည်ပစ္စည်းများ ခိုးသွားသူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၌ ဖမ်းမိ
Reviewed by သစ်ထူးလွင်
on
18:04
Rating: