ရန်ကုန်၊ ဇူလိုင် ၂၂
၂၂.၇.၂၀၁၄ ရက်နေ့ ၀၆၀၀ အချိန်တွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း အတိုင်း လှိုင်မြို့နယ်ဘက်မှ ကမာရွတ် မြို့နယ်ဘက်သို့ မောင်းနှင်လာသော BB---- KIA Pride အဖြူရောင် အငှားယာဉ်သည် ချောင်းဝ ဆိပ်ကမ်း ၀င်ပေါက်ထိပ် အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာ ဘက်ဘေးရှိ ချောင်းစပ်သို့ ထိုးကျကာ လမ်းဘေးရှိ သစ်ငုတ်တိုအား တိုက်မိပြီး သစ်ပင်နှစ်ပင်ကြားတွင် ဇောက်ထိုး ထောင်လျက် အနေအထားဖြင့် တိမ်းမှောက်သွားခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကို လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၂၀၂ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

အရှိန်လွန်သောယာဉ်မှ လမ်းဘေးရှိသစ်ငုတ်တိုအား ၀င်တိုက်မိပြီး သစ်ပင်ကြားတွင်ထောင်လျက် တိမ်းမှောက်
Reviewed by သစ်ထူးလွင်
on
23:43
Rating: