မလေးရှားလေယာဉ်တွင် လိုက်ပါလာသော ခရီးသည်စာရင်း ထုတ်ပြန်

 CNN ၊ ဇူလိုင် ၂၀

 ဇူလိုင်လ ၁၇ ရက်နေ့က ဟော်လန်နိုင်ငံ အမ်စတာဒစ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ မောင်းနှင်လာတဲ့ မလေးရှားအဲယားလိုင်းမှ MH 17 တိုက်လေယာဉ်ကို မစ်ဇိုင်းနဲ့ ပစ်ချခံခဲ့ရပါတယ်။

ယမန်နေ့က အဆိုပါလေယာဉ်တွင် စီးနင်းလိုက်ပါလာခဲ့သော လေယာဉ်အမှုထမ်းများအပါအ၀င် ခရီးသည်စုစုပေါင်း ၂၉၈ ဦးရဲ့ စာရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားလေကြောင်းလိုင်းမှ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ ၁၉၃ ဦးသည် နယ်သာလန်နိုင်ငံမှဖြစ်ကြောင်း၊ ၎င်းတို့အထဲမှ တစ်ဦးမှာ အမေရိကန်-ဒတ်ခ်ျလူမျိုးတစ်ဦးဖြစ်ကြောင်း သိရပါတယ်။

အလားတူ လေယာဉ်အမှုထမ်း ၁၅ ဦးအပါအ၀င် မလေးရှားနိုင်ငံမှ ၄၃ ဦး၊ သြစတြေးလျနိုင်ငံမှ ၂၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၂ ဦး၊ ဗြိတိန်-တောင်အာဖရိကနိုင်ငံသားတစ်ဦးအပါအ၀င် ဗြိတိန်နိုင်ငံသား ၁၀ ဦး၊ ဂျာမဏီနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှ လေးဦးစီနဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃ ဦး၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံမှ တစ်ဦးစီ ဖြစ်တယ်လို့ သိရပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှားလေယာဉ်ပေါ် လိုက်ပါလာသူ ခရီးသည်များရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လေယာဉ် အပိုင်းအစများကို လေယာဉ်ပျက်ကျရာနေရာမှ အခြားနေရာသို့ သယ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက စိုးရိမ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုပါတယ်။

ရုရှအထောက်အပံ့ ခွဲထွက်ရေးသမားများက အဆိုပါဒေသတစ်လျောက်ကို ထိမ်းချုပ်ထားတဲ့အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် ရရှိစေဖို့ ခက်ခဲတယ်လို့ နိုင်ငံတကာ လေ့လာစူးစမ်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဥရောပရှိ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ Michael Bociurkiw က စီအန်အန်ကို ယမန်နေ့က ပြောဆိုလိုက်ပါတယ်။

အဆိုပါစွပ်စွဲချက်နဲ့ပတ်သက်ပြီး ရုရှနိုင်ငံက တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ထူးခြား ချက်တစ်ခုကတော့ ရုရှသမ္မတ ဗလာဒီမာပူတင်နဲ့ ဂျာမန်ဝန်ကြီးချုပ် မာကဲလ်တို့ဟာ လေယာဉ် ပျက်ကျမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာလွတ်လပ်သည့်စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် သဘောတူညီ ခဲ့ကြခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar




မလေးရှားလေယာဉ်တွင် လိုက်ပါလာသော ခရီးသည်စာရင်း ထုတ်ပြန်  မလေးရှားလေယာဉ်တွင် လိုက်ပါလာသော ခရီးသည်စာရင်း ထုတ်ပြန် Reviewed by သစ်ထူးလွင် on 15:05 Rating: 5
Powered by Blogger.