ရန်ကုန်၊ ဇူလိုင် ၁၀
၉.၇.၂၀၁၄ရက်နေ့ ၁၃၃၀အချိန် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း မှော်ဘီဘက်မှ တိုက်ကြီး ဘက်သို့ မှော်ဘီမြို့နယ်နေ ဝင်းနိုင် (၄၈)နှစ်၊ စီးနင်းမောင်းနှင်လာသော Wanbo-125 နက်ပြာရောင် ဆိုင်ကယ်သည် ဈေးမှတ်တိုင်အနီး အရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြော သို့ရောက်ရှိ ကာ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ကိုအောင်ဟိန်း မောင်းနှင် လာသော ၄က/---ဟီးနိုး ထရပ်အဖြူ ရောင်ယာဉ်နှင့်တိုက်မိခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းမောင်းနှင်သူ ဝင်းနိုင်တွင် ဦးခေါင်း ထိပ်ပေါက်ပြဲ၊ နှာခေါင်း သွေးထွက်၊ ဝဲလက်ကောက်ဝတ်ကျိုးဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပါသည်။
ယင်းသို့ ဆိုင်ကယ်ကို မဆင်မခြင်မောင်းနှင်သူ ဝင်းနိုင်အား မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ)၄၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

မျက်နှာချင်းဆိုင်မှလာသော ယာဉ်ဖြင့် တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး
Reviewed by သစ်ထူးလွင်
on
19:42
Rating: