ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

 နေပြည်တော် ဒက္ခိဏသီရီခရိုင် တရားရုံးမှာ သာသနာရေးဝန်ကြီးဌာန ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒီကနေ့ ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ တရားလိုတွေကို စတင်စစ်ဆေးတယ်လို့ ဦးဆန်းဆင့်အမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးတင်ထွန်းက RFA ကို ပြောပါတယ်။

"ပြစ်မှုအရေးမူမှ ၄၁/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ အရစွဲတဲ့အမှု၊ အဲ့အမှုကို တရားလို ဦးဌေးလွင် ဒု-ညွှန်ကြားရေးမှူး စသုံးလုံးဦးစီးဌာန သူ့ကိုစစ်တယ်၊ အမှုစစ်အရာရှိ စုံစမ်း စစ်ဆေးရေးမှူး ဦးနေဝင်းကိုစစ်တယ် မပြီးသေးဘူး၊ ဟိုဘက်က ၁၂၄ ကတော့ ဒု-ရဲမှူးကြီး ဦးတင်ဌေးကိုစစ်တယ်၊ ပြစ်မှုဥပဒေပုဒ်မ ၄၂/၁၄ အဲ့ဒါကတော့ တရားလို ဒု-ရဲမှူး ဦးတင်ဌေး ကိုစစ်တယ်၊ ဦးဆန်းဆင့်ကို အချုပ်လွတ် ထုချေခွင့်ပြုဖို့ ကျန်းမာရေးအကြောင်းပြု ပြီးတော့ လျှောက်တယ်၊ ရုံးကနေပြီးတော့ အာမခံပယ်လိုက်ပါတယ်"

ဦးဆန်းဆင့်ဟာ နှလုံးရောဂါ၊ ကျီးပေါင်းရောဂါနဲ့ မျက်စိဝေဒနာခံစားနေရလို့ဆိုပြီး ဒီကနေ့ တရားရုံးမှာ ကျန်းမာရေးအာမခံ လျှောက်ထားခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရတယ်လို့ ရှေ့နေ က ပြောပါတယ်။

ဦးဆန်းဆင့်ကို သြဂုတ်လ ၆ ရက်နေ့မှာ ၆ ကြိမ်မြောက် ထပ်မံရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး  ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး Reviewed by သစ်ထူးလွင် on 22:58 Rating: 5
Powered by Blogger.