လေပြင်းတိုက်၍ မဟာဓာတ်အားတိုင်များ လဲပြို

 ရန်ကုန် ဇူလိုင် ၂၂

 ရန်ကုန်အရှေ့ပိုင်းခရိုင် အမှတ်(၂) လမ်းမကြီး ရွာသာကြီးမှ စီးပွားရေး တက္ကသိုလ် တစ်လျှောက်တို့တွင် ဇူလိုင် ၂၁ ရက် နံနက် ဝဝး၂၅ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ၆၆ KV ဓာတ်အားတိုင် ၆၉ တိုင်၊ ၃၃ KV ဓာတ်အားတိုင် နှစ်တိုင်နှင့် ၆ ဒသမ ၆KV ဓာတ်အားတိုင်နှစ်တိုင် စုစုပေါင်း ၇၃ တိုင် ကျိုးပဲ့လဲပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''မိုးသည်းထန်စွာရွာပြီး လေပြင်းတွေ တိုက်နေတဲ့အချိန်မှာ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားတဲ့အတွက် ဓာတ်တိုင်တွေလဲပြိုကျပေမယ့်လည်း ဘယ်သူမှ အန္တရာယ်တစ်စုံတစ်ရာ မကြုံတွေ့ရပါဘူး၊ နောက်ပြီး ခရိုင်အတွင်းမှာရှိတဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဝန်ထမ်းတွေ ရန်ကုန်ထရန်စဖော်မာကုမ္ပဏီမှ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပို့လွှတ်နိုင်ရေး ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ခရိုင်မှူး ဦးစံဌေးနှင့် ခရိုင်အင်ဂျင်နီယာ ဦးမျိုးခင်တို့က ပြောသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily


လေပြင်းတိုက်၍ မဟာဓာတ်အားတိုင်များ လဲပြို  လေပြင်းတိုက်၍ မဟာဓာတ်အားတိုင်များ လဲပြို Reviewed by သစ်ထူးလွင် on 14:56 Rating: 5
Powered by Blogger.